တပ်မတော်သားတယောက်ကို အနည်းဆုံး စည်းရုံးနိုင်မှနိုင်ငံရေးစွမ်းရည် ရှိတယ်လို့  စိန်ခေါ်ရင် လူထုခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့  ကိုမင်းကိုနိုင်တို့ ကို တပ်တွင်းမှာဟောပြောခွင့်
ပေးလိုက်ပါ။
သတ္တိရှိတယ်ဆိုတာ ပြောတဲ့စကားတွေကို တာဝန်ယူမှု တာဝန်သိမှုရှိရမယ်။သမ္မတ အကြံပေးတွေ လုပ်နေပြီး တာဝန်ယူမှု မရှိတာဟာ ထမိန်ခြုံပြီး လက်သီးပုံးပြနေတာနဲ့ အတူတူပါပဲ၊၊ လူထုခေါင်း
ဆောင်တွေတပ်တော်သားတစ်ယောက်ကို စည်းရုံးနိုင်သလား သိချင်ရင် တပ်တွင်းဟောပြောခွင့်ပေး ရမည်။လက်တွေ့ မဆန်တဲ့ တဘက်သတ်ပြောဆိုခြင်းကို လက်မခံပါ။
စစ်သားတွေလဲ လူထုခေါင်းဆောင်တွေရဲ့  ဟောပြောပွဲတွေမှာနားထောင်ခွင့်ပေးရမည်။ဖွဲ့ စည်းပုံ အခြေခံဥပဒေဟာ တပ်မတော်သားများနှင့်လည်း သက်ဆိုင်ပါတယ်။စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ
ထူထောင်ရေးအတွက် ဖွဲ့ စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ ညီမညီ
နိုင်ငံသားတစ်ဦးအနေဖြင့် လေ့လာခွင့်ရှိရမည်။မိမိ၏ ဆန္ဒကိုလည်းဖော်ပြခွင့်ရှိရမည်။
ထိုကြောင့် တပ်မတော်သည် ပြည်သူ့ တပ်မတော်ဖြစ်သည် ပြည်သူ့ ဆန္ဒနှင့် အညီရှိနေသည်ကို
သိရှိစေရန် တပ်မတော်သားများ၏ နိုင်ငံသားအခွင့်အရေးများ လွတ်လပ်စွာရရှိစေရမည်။
တားမြစ်ပိတ်ပင်ထားခြင်းမရှိစေရ၊ အာဏာကို အလွဲသုံးစားလုပ်ပြီး တပ်မတော်သားများ၏ ရသင့်ရထိုက်သော အခွင့်အရေးများကို ပိတ်ပင်ထားခြင်းသည် အာဏာရှင်စနစ်ကို ကျင့်သုံး
နေခြင်းဖြစ်ပေသည်။
တပ်မတော်သား တစ်ဦးကို စည်းရုံးနိုင်ခြင်းရှိမရှိ သိချင်လျှင် လူထုခေါင်း
မြသိန်း