အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နီပေါနိုင်ငံ ဝန်ကြီးချုပ်Rt. Hon.
Sushil Koirala ၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့  ညနေပိုင်း
တွင် နီပေါ နိုင်ငံ ၀န်ကြီးချုပ်Rt. Hon. Sushil Koirala ၏ ဧည့်ခန်းမ ဆောင်သို့  သွားရောက်ကာ ရင်းရင်း နှီးနှီး တွေ့ ဆုံခဲ့ ပါသည်။ ထို နောက် နီပေါ နိုင်ငံ ၀န်ကြီး ချုပ် မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ အား ညစာဖြင့် တည့်ခင်းဧည့်ခံခဲ့ပါသည်။