Friday, June 13, 2014

အာဏာရှင် အစိုးရ၏ မတရားသိမ်းပိုက်မှုများကို တာဝန်အရ ဖိဆန်ကြ


၂၀၁၄-၆-၁၃
 ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းမှာ စွမ်းစွမ်းတမံပါဝင်ခဲ့တဲ့ မဂ္ဂင်ကျောင်းတိုက်ဟာ အာဏာပိုင်တွေရဲ့ ချိပ်ပိတ် သော့ခတ်ထားခြင်းကို ခံခဲ့ရပါတယ်။ မဂ္ဂင်ကျောင်းတိုက်ဟာ ရပ်ဝေးက လာရောက် တည်းခိုပြီး ဆေးကုနေတဲ့ HI/AIDS ဝေဒနာရှင်တွေကိုကူညီလက်ခံပေးတဲ့
 ကျောင်းတိုက်ဖြစ်ပြီး စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက စစ်တပ်က ကျောင်းတိုက်ကို ဝင်စီးကာ ဖျက်ဆီးခဲ့တဲ့အပြင် သံဃာတော်တွေကိုလဲ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ အခုအခါ မဂ္ဂင်ကျောင်း
တိုက် ဆရာတော်တွေဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာကြပြီး သော့ခတ်ပိတ်
ထားတဲ့ ကျောင်းတိုက်ကို ပြန်လည် ဖွင့်လှစ်ကာ သီတင်းသုံး နေထိုင်ဖို့အတွက် ရှင်းလင်းနေထိုင်
ကြတာကို ပြန်လည်ချိတ်ပိတ်ခြင်းခံခဲ့ရပါတယ်။

ရွှေညဝါဆရာတော်ရဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့စွဲပါ သံဃာ မဟာနာယကအဖွဲ့ထံ တင်ပြထားသော အသနားခံစာ ပယ်ချခံရတဲ့အတွက် အံ့သြမိပါတယ်လို့ ရွှေညဝါ ဆရာတော် အရှင်ပညာသီဟ က မိန့်ကြားပါတယ်။နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်
ပေးတဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာမှ အခုလို ပယ်ချခံရတဲ့သတင်းကို သိရှိခဲ့ရတာဖြစ်တယ်လို့
ဆိုထားတယ်။မဟန ဆရာတော် ၄၇ ပါး စုံညီက ရွှေညဝါဆရာတော်ကို ဇန်နဝါရီလ ၁၉ ရက်နေ့
 နေ့လယ် ၁ နာရီမှာ ဗဟန်း ကြားတောရလမ်းမှာရှိတဲ့ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ကြီး တည်ရာဌာနသို့ ကိုယ်တိုင် လာရောက် တွေ့ဆုံဖို့ ဒီကနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့စွဲပါ စာနဲ့ ဆင့်ခေါ်ထားတယ်လို့ သိရှိရပါတယ်။အဆိုပါ ဆင့်ခေါ်စာအတွက် ရွှေညဝါ ဆရာတော် အနေနဲ့ အယဉ်ကျေးဆုံး၊ အသိမ်မွေ့ဆုံးနဲ့ တည်တည်ငြိမ်ငြိမ် အခြေအနေပေါ် မူတည်ပြီး ရင်ဆိုင်ခဲ့ပေမဲ့
မဟနက သာဓုကျောင်းတိုက်ကြီးကို သိမ်းလိုက်ပါတယ်။

ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက်ရှိ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတိုက်ကို ပိုင်ဆိုင်ကြောင်း မူလပိုင်ရှင်ဖြစ်သူ ပီနန်ဆရာတော် ဦးပညာဝံသက မိမိသည်မှုလပိုင်ရှင်ဖြစ်ပြီး စာချုပ်စာတမ်းများ လက်ဝယ်တွင်ရှိနေသည်ဟု မိန့်ကြားခဲ့သည်။အဆိုပါမဟာသန္တိသုခ ကျောင်းတိုက်
ကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံသို့ နိုင်ငံတော် အကြီးအကဲများက ရေစက်ချ လှူဒါန်းထား   ခြင်းကြောင့် ပီနန်ဆရာတော်ကို ပြန်လည်လွှဲအပ်ရန် မဖြစ်နိုင်ဘဲ ယခုအချိန်အထိ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကသာ ပိုင်ဆိုင်ကြောင်း ကြေညာထားသည်။ ပီနန်ဆရာတော်ကြီး
ဂျပန်နိုင်ငံသို့  သာသနာပြုရောက်ရှိနေချိန် မဟနနှင့် ရဲများက ကျောင်းတိုက်ကို ချိတ်ပိတ်လိုက်
ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း(၁၊ ၂၊ ၃) မြေနေရာအား ၁၉၉၁ ခုနှစ်တွင် တပ်ပိုင်မြေ 
အဖြစ် သိမ်းယူခဲ့ပြီး ထိုကိစ္စနှင့် ပတ်သက်၍ လယ်ယာမြေ စုံစမ်းရေး ကော်မရှင်အဖွဲ့ အနေဖြင့် လွှတ်တော်၌ တင်ပြ ထားမှုများ ရှိသော်လည်း သက်ဆိုင်ရာ အစိုးရအနေဖြင့် လျစ်လျူရှုမှု ကိစ္စနှင့် ပတ်သက်၍ နိုဝင်ဘာ ၂၆ ရက်နေ့ နံနက် ၉ နာရီ အချိန်ခန့်မှ စတင်၍ သင်္ဃန်းကျွန်းမြို့နယ်၊ 
အ-ထ-က (၁) ကျောင်းရှေ့မှ စတင်၍ ဝေဇယန္တာ လမ်း၊ မြစေ ရံအေး စေ တီရှေ့၌ နံနက် ၁၀ နာရီ အချိန်ခန့်တွင် သပိတ်စခန်း ဖွင့်ခဲ့သည်။၎င်းဆန္ဒ ဖော်ထုတ်ပွဲတွင် ““အဓမ္မ ဥပဒေမဲ့ မြေအသိမ်းခံ
 ပြည်သူများအား ပုဒ်မ ၁၈ ဖမ်းဆီးချုပ်နှောင်ခြင်းအား ရုပ်သိမ်းပေး၊ ပုဒ်မ ၁၈ ဖျက်သိမ်းပေး၊
 ပြည်သူ့ဆန္ဒ မျက်ကွယ်ပြု ပြည်သူကို နှိပ်ကွပ်ထားသော ပုဒ်မ ၁၈ အလိုမရှိ”” စသော ဆိုင်းဘုတ်
များ ကိုင်ဆောင်၍ ““မိကျောင်းကန် (၁၊ ၂၊ ၃) ဘယ်သူ့ မြေလဲ၊ တပ်မြေဆိုတာ ဟုတ်သလား၊
 ပုဒ်မ ၁၈ ဖျက်သိမ်းပေး”” စသော ကြွေးကြော်သံများ ကြွေးကြော်ခဲ့သည်။

ကန်ကြီးထောင့်၊ ပုသိမ်၊ ငပုတောနှင့် လပွတ္တာမြို့နယ်တို့မှ တောင်သူ ၂၀၀ ကျော်သည်
လယ်ယာမြေ များ ပြန်လည် ရရှိရေးအတွက် ဇူလိုင်လ ၄ ရက်နေ့က ဆန္ဒ ထုတ်ဖော်ခဲ့ရာတွင် ဆန္ဒပြ ခေါင်းဆောင် နှစ်ဦး ဖြစ်သူ ဦးထွန်းထွန်းဦးနှင့် ဦးသန်းဝင်းတို့ကို ပုသိမ်မြို့ အမှတ် (၂) ရဲစခန်း (ကိုးသိန်း) မှ စခန်းမှူး ရဲအုပ် စိန်လင်းက တရားလို ပြုလုပ်၍ ပြစ်မှုဆိုင်ရာ အမှတ် ၁၉၁၂/၂၀၁၃ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုလိုက်
ပြီး ဖမ်းဆီးထိမ်းသိမ်းခဲ့ပါတယ်။

မြန်မာနိုင်ငံအနှံတွင် အစိုးရအဖွဲ့ အစည်းများ၏ မတရားဖိနှိပ်မှုများကို ပြည်သူအများစုခံနေရပြီး
ဥပဒေစိုးမိုးမှု မရှိသောကြောင့် အာဏာရှင်တို့ ၏ တဘက်သတ်အနိုင်ကျင့်မှုများခံစားနေကြရသည်။
ပြည်သူအများစုမှာ လယ်သိမ်း ယာသိမ်း ကျောင်းတိုက်များသိမ်းခံနေရပြီးအလုပ်သမား လယ်သမား
ရဟန်ရှင်လူကျောင်းသားပြည်သူများမှာ အာဏာရှင်တို့ ၏ မတရားအကြမ်းဖက်မှုများကို ခါးစီးခံနေရ
ခြင်းသည် အခြေခံဥပဒေ ခိုင်မာမှုမရှိသောကြောင့်ဖြစ်ပြီး ဒီမိုကရေစီစံနှုန်းများ လူ့ အခွင့်အရေး၊နိုင်ငံ
သားအခွင့်အရေး၊အလုပ်သမားအခွင့်အရေးနှင့် တိုင်းရင်းသားများ၏ မူလရပိုင်ခွင့်အခွင့်အရေးများ
ဆုံးရှုံးနေရသော ၂၀၀၈ အခြေခံဥပဒေကို ပြည်သူ့ ဆန္ဒနှင့်အညီ အမြန်ဆုံးပြင်ဆင်ပြီး မတရား
အုပ်ချုပ်နေသောအာဏာရှင်အစိုးရကို အုပ်ချုပ်ရေးနယ်ပယ်မှ အမြန်ဆုံးဖယ်ရှားနိုင်မှသာ
 ပြည်သူများ တွေ့ ကြုံနေရ သော ဒုက္ခအမျိုးမျိုးမှ ကင်းဝေးပြီး ထာဝရငြိမ်းချမ်းသော ဖက်ဒရယ်ပြည်   ထောင်စု မြန်မာနိုင်ငံသစ်ကို တည်ဆောက်နိုင်မည်ဖြစ်ပေသည်။

ပြည်သူတွေကို အာမခံချက်အပြည့်နဲ့  ဥပဒေအရအကာကွယ်ပေးနိုင်မဲ့ အစိုးရတခုတော့ မြန်မာ
နိုင်မှာ လိုအပ်နေပါပြီ၊ နိုင်ငံ တကာအလယ်မှာ ဂုဏ်သိက္ခာရှိတဲ့ အစိုးရအသစ်ကို ရွေးချယ်ကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ်ရွေးချယ်ပြီး စိတ်သစ်ကိုယ်သစ်
အမြင်သစ်တွေနဲ့  အပြောင်းအလဲဖြစ်အောင် အာဏာရှင်တွေကို အုပ်ချုပ်ရေးနယ်ပယ်မှ ဖယ်ရှား
ကြပါစို့ ။

မြသိန်း