၂၀၁၄-၆-၁၅
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )တို့၏
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြင်ဆင်ရေး လူထုဟောပြောပွဲကို မြစ်ကြီးနားမြို့၊
ခေမာသီရိရပ်ကွက်၊ City Park Royal ခန်းမတွင် ယနေ့ ဇွန်လ၊ ၁၄ ရက် နံနက် ၉း ၃၀ က စတင်ကျင်းပရာ၊ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်းဒေသမှ ပြည်သူ ၆၀၀ ကျော် တက်ရောက်
ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့
အစည်း)မှ ကိုမာကီးက ဆောင်ရွက်ပြီး အခမ်းအနား စတင်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အဘယ်ကြောင့် ပြင်ဆင်သင့်ကြောင်းကို
ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြသိန်းမှ ရှင်းလင်း ဟောပြောခဲ့သည်။
ဆက်လက်၍ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုကိုကြီးမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရန်လိုအပ်ပုံနှင့် ငြိမ်းချမ်းရေး၊ တိုင်းရင်းသား
တန်းတူရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးတို့ကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ကျောက်ပန်းတောင်း
မြို့နယ် မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် Dr.ဇော်မြင့်မောင်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာပုံနှင့် ပုဒ်မ ၄၃၆ အား လွှတ်တော်အတွင်းမှ ပြင်ဆင်ရန် အရေးကြီးပုံ
များကို ရှင်းလင်းဟောပြောခဲ့ပါသည်။
နောက်ဆုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဦးအင်ထုံးခါးနော် မှ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အား ပြင်ဆင်နိုင်ရန် ပြည်သူလူထုမှ လက်မှတ်ရေးထိုး ပါဝင်နိုင်ရန် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး နံနက် ၁၁း ၀၀ နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့သည်။
CoKo Dmoe
Sunday, June 15, 2014
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုဟောပြောပွဲ
Posted by
luthuorthan.bg@gmail.com