Saturday, May 17, 2014

စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ရန် ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ဖို့  လူထု ၂ သိန်းကျော် ထောက်ခံ

ခေါင်းဆောင်နှစ်ဦးကို တို့ ယုံကြည် စစ်မှန်သော ဒီမိုကရေစီနိုင်ငံ ဖြစ်ရမည်။
၂၀၁၄-၅-၁၇
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ၈၈မျိုးဆက် ပွင့်လင်း လူ့ အဖွဲ့ အစည်းမှ ခေါင်းဆောင်များ
 ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် အဓိက ဟောပြောခဲ့ကြသည်။

ပြည်သူတွေကို ဘက်ပေါင်းစုံမှ မတရား ဖိနှိပ့်ချုပ်ချယ်ထားသည့် ၂၀၀၈ ဖွဲ့ စည်းပုံအခြခံဥပဒေ
ပြင်ဆင်ရေး ခက်ခဲနေချိန်တွင် NLD နှင့် 88 တို့ ပူးပေါင်း၍ စစ်မှန်သော ဒီမိုကရေစီနိုင်ငံထူထောင်
နိုင်ရန် ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ဟောပြောပွဲကို ဗိုလ်စိန်မှန်ကွင်းတွင် ကျင်းပခဲ့ရာ ဒီမိုကရေစီ
လိုလားသော အဖွဲ့ အစည်းများနှင့် ပြည်သူများ ၂ သိန်းကျော် တက်ရောက်၍ အားပေးထောက်ခံ
ကြသည်။

 မြန်မာ့ဒီမိုကရေစီအရေးသည် အာဏာရှင်လူတစ်စုက ချုပ်ကိုင်ထားပြီး ဒီမိုကရေစီအရေခြုံ
အာဏာရှင်စနစ်ဖြင့် ဆက်လက်လျှောက်လှန်ရန် ကြိုးစားနေကြပြီး ပြည်တွင်းငြိမ်းချမ်းရေးသည်
လည်းဟန်ပြ ငြိမ်းချမ်းရေးဖြစ်နေပြီး ငွေကုန် အချိန်ကုန် လူပင်ပမ်းပြီး စစ်တပ်က ဖရက်ဒရယ်ကို 
လက်မခံဟု တိုင်းရင်သားအဖွဲ့ စည်းများက ဆိုသည်။အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် 
အပစ်အခတ်ရပ်ဆဲရေးသည် နှစ်ပေါင်းများစွာ နိုင်ငံရေးလှည့်ကွက်တစ်ခုသာဖြစ်သည်။

 အဓိက ဆောင်ရွက်ရမည်မှာ အခြေခံဥပဒေဖြစ်ပြီး ဒီမိုကရေစီစံနှုန်း လူ့ အခွင့်အရေး တိုင်းရင်းသား
အခွင့်အရေး တန်းတူညီမျှရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လယ်သမားအလုပ်သမား ကျောင်းသား 
ရဟန်ရှင်လူ ပြည်သူများ၏ မူလရပိုင်ခွင့်များ အပြည့်အ၀ရရှိစေရန် အခြေခံ ဥပဒေကို အရင်ပြင်ဆင်
ရမည်။ ထို့ နောက် လာမည့် ၂၀၁၅ တွင် ပြည်သူကလေးစားသော ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် နှင့် အင်အားအကြီးဆုံး ပါတီဖြစ်သော အတိုက်အခံ ပြည်သူ့ ပါတီ NLD အနိုင်ရရှိရေးကို ကြိုးပမ်းကြရမည်။

 ပြည်သူတွေကို မတရားတဲ့ ဥပဒေများနဲ့  ဖိနှိပ့်သော အာဏာရှင်များကို ဖြုတ်ချပြီး အရပ်သား
အစိုးရ ပေါ်ထွန်းလာအောင် မြန်မာနိုင်ငံဒီမိုကရေစီအရေးသည် ပြည်သူ့ အင်အားသုံး၍ ကမ္ဘာက
 မြန်မာဟေ့လို့  ကြွေးကြော်နိုင်ရန် စံနမူနာတင်အောင် တိုင်းရင်းသား ပြည်သူအားလုံး 
ညီညီညွတ်ညွတ်ဖြင့် ပြိုင်တူတွန်းလျှင် ရွေ့ နိုင်ပါသည်။လက်တွေ့ မှာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး
 မြို့  နယ် အသီးသီးတွင် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒ ဖော်ထုတ်ပွဲများကို
သမိုင်းပေးတာဝန်တရပ်အဖြစ် ပြုလုပ်လျှက်ရှိသည်။ ပြည်သူများ ညီညွတ်လျှင် စစ်မှန်သော
 ဒီမိုကရေစီပန်းတိုင်သည် လက်တကမ်းအလိုတွင် ရှိနေလေသည်။

မြသိန်း