၂၀၁၄-၅-၁၇
သမ္မတကြီးရဲ့စကားကို ကြားရတာ ဒီဖွဲ့စည်းပုံအခြေခံကို မပြင်ချင်တဲ့သဘောလို့ မြင်ရတယ်
သိက္ခာရှိရှိအိနြေ္ဒရရနဲ့ ရုပ်သိမ်းခြင်းမျိုးကို မလိုချင်ကြဘူးလားလွှတ်တော်ထဲကနေသိက္ခာရှိရှိ ရုပ်သိမ်းထွက်ခွာရတာမျိုးကို မလိုချင်ကြဘူးလား၂၀၁၅ မှာမဲနိုင်ချင်လို့ ဒီဖွဲ့စည်းပုံကို မပြင်ချင်ဘူးလုပ်နေတာလား - မဲနိုင်ချင်တယ်ဆိုရင် ပြည်သူလူထုနှလုံးသား ကို ရယူသိမ်းပိုက်နိုင်မှ
ဖြစ်မှာ ပြည်သူတွေကို ခြိမ်းခြောက်ရုံနဲ့မရနိုင်ဘူး။
ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျမတို့ပြည်သူနဲ့ တပ်မတော်အကြား အခွင့်အရေးတန်းတူညီမှုမရှိ
အောင် ခွဲခြားထားတဲ့ အရာတစ်ခုပဲဖွဲ့စည်းပုံကို အကုန်မပြင်ဘဲနဲ့ ဟိုဟာလေးကွက်ပြင်ပေးမယ် ဒီဟာလေးကွက် ပြင်ပေးမယ် လုပ်တာ ကျမမကြိုက်ဘူး ဒါဟာကျမတို့ကို သွေးခွဲနေတာ
ကျမတို့တိုင်းရင်းသားတွေအကြားသွေးခွဲနေတာ ..မောင့်ဘက်တန်ကမေးလို့ ဖဖေ (ဗိုလ်ချုပ်
အောင်ဆန်း) ပြောခဲ့တယ် ၊ စစ်ဗိုလ်နိုင်ငံရေးသမားမဖြစ်ချင်ဘူး ၊ နိုင်ငံရေးလုပ်မယ်ဆိုရင် စစ်တပ်ကထွက်မယ် ၊ နိုင်ငံရေးလုပ်ချင်ရင် စစ်တပ်ကထွက် ဒါပဲ။
အဲဒီတော့ ..ဒီပုဒ်မ ၄၃၆ဟာ တပ်မတော်ကို အခွင့်ထူးပေးထားတာ အခွင့်ထူးပေးတယ် အခွင့်ထူးခံတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းတယ်ကျမသာ အခွင့်ထူးပေးခံရတယ် ဆိုရင် ကျမအလွန်ရှက်မိမှာပဲ"တပ်မတော်ကလည်း ပြည်သူကိုမယုံဘူး ပြည်သူကလည်း တပ်မတော်ကို
မယုံဘူးတစ်ချို့  ပုဂ္ဂိုလ်တွေကလည်း အနာဂတ်ကို ယုံကြည်မှု မရှိဘူး" "ကျမတို့ နိုင်ငံမှာ
တရားဥပဒေ စိုးမိုးရေးရှိစေချင်တယ် တရားဥပဒေ စိုးမိုးရေးဆိုတာ ပြည်သူတွေ အတွက် လုံခြုံရေး ဖြစ်တယ်" "ဒီမိုကရေစီဆိုတာ မတူညီတဲ့ သဘောတရားတွေရှိရင် ဆွေးနွေးပြီး ညှိနှိုင်းနိုင်တဲ့ အရည်အချင်းတွေ မွေးထုတ်ရမယ်" "ဒီလောက်တောင်ယုံကြည်စေချင်လို့ရှိရင် ယုံကြည်မှုကို တည်ဆောက်ဖို့ အဓိကဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို ဘာဖြစ်လို့
မလိုလားလဲလို့ ကျမမေးချင်တယ်"။
၂၀၁၅ မှာမဲနိုင်ချင်လို့ ဒီဖွဲ့စည်းပုံကို မပြင်ချင်ဘူးလုပ်နေတာလား - မဲနိုင်ချင်တယ်ဆိုရင် ပြည်သူလူထုနှလုံးသား ကို ရယူသိမ်းပိုက်နိုင်မှဖြစ်မှာ ပြည်သူတွေကို ခြိမ်းခြောက်ရုံနဲ့မရနိုင်ဘူး
ကာ/ချုပ်နဲ့တကွ တပ်မတော်သားတွေကို ကျမပြောလိုက်ချင်တယ် တပ်မတော်ရဲ့သိက္ခာကို ထိမ်းသိမ်းဖို့အတွက် ဒီပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ တပ်မတော်သားတွေက အရင် ပါဝင် လက်မှတ်ရေးထိုးတောင်းဆိုကြပါလို့ .. တပ်မတော်သားတွေက တောင်းဆိုလာမယ်ဆိုရင် ကျမ လက်မှတ်ထိုးဖို့စာအုပ်တွေ ပို့ပေးလိုက်ချင်ပါတယ်။
၄၃၆ ဆိုတာ ကျမတို့နဲ့တပ်မတော်အကြားသွေးခွဲထားတဲ့ ဥပဒေ ဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်ကာက်နှုတ်ချက်