Saturday, April 12, 2014
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂျာမဏီနိုင်ငံမှာ နိုင်ငံတကာ ၀ီလီဘရန့်ဆု (Willy Brandt )ဆုကို လက်ခံရယူ
၂၀၁၄-၄-၁၂
 မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမဏီနိုင်ငံမှာ နိုင်ငံတကာ
စုကြည်အားWilly Brandt ဆုပေးအပ်ခဲ့ပါတယ်။ တချိန်ကဂျာမဏီနိုင်ငံသည်  အာဏာရှင်နိုင်ငံဖြစ်ခဲ့
ပြီး အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် နိုင်ငံရေးသမားကြီး  ၀ီလီဘရန့်က
 ကြိုးစားခဲ့သည်။
မြန်မာ့နိုင်ငံရေးဟာ အာဏာရှင်စနစ်မှ စစ်မှန်တဲ့ဒီမိုကရေစီစနစ် ကူးပြောင်းရေးအတွက် အခက်များ
စွာ ရင်ဆိုင်နေရသည်။ယနေ့ အချိန်ဟာ အရေးကြီးဆုံးအချိန်ဖြစ်ပြီး ပြည်သူတွေဟာ ဖိနှိပ့်မှုအောက်မှ လွတ်မြောက်ရန် စိတ်ဓါတ်တက်ကြွနေကြပြီး စည်လုံးညီညွတ်မှုတည်ဆောက်ရန် ကြိုးစားနေသော
အချိန်လည်းဖြစ်သည်။ယခုလို  မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား 
အကြမ်းမဖက်တဲ့နည်းနဲ့ ဒီမိုကရေစီရေးကို ကြိုးပမ်းနေတဲ့ လူတစ်ယောက်ကို ပေးတဲ့ဆုဟာ
မြန်မာ့ဒီမိုကရေစီရေးမှာ ခွန်အားဖြစ်သလို စစ်မှန်တဲ့ဒီမိုကရေစီပျိုးပင်များအတွက်
ရှင်သန်ကြီးထွားစေပြီး အမှန်တရားဖက်မှ ရပ်တည်ရာလည်းရောက်သည်။
 နိုင်ငံတကာအဖို့  ဂုဏ်သိက္ခာလည်းမြင့်မားစေပါတယ်။
တချိန်က ဂျာမဏီနိုင်ငံသည် နှစ်နိုင်ငံပေါင်းစည်းရေးတွင် အဟန့်  အတားဖြစ်နေသည့် အရေးပါလှ
သော ဘာလင်သံတိုင်းကြီးကို ဖြိုချဖျက်ဆီးခဲ့ပြီး စည်လုံးညီညွတ်ရေးကိုဦးတည်ဆောင်ရွက်ခဲ့သော
ကြောင့် နှစ်နိုင်ငံပေါင်းစည်း၍ အင်အားကြီမားသော ဒီမိုကရေစီနိုင်ငံကြီးအဖြစ် ထူထောင်လာနိုင်ခဲ့
သည်။ယနေ့ အချိန်တွင် ဥရောပနိုင်ငံထဲတွင် ဂျာမဏီသည် ထိပ်သီးနိုင်ငံအဖြစ် ကမ္ဘာ့အလည်တွင်
ရပ်တည်လျှက်ရှိသည်။
photo SPD Flickr via Love BUDS