Friday, April 11, 2014

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂျာမန် သမ္မတ ဂျွာချင် ဂျောက်က ဘာလင်မြို့က သမတ အိမ်တော်မှာ လက်ခံတွေ့ဆုံ

၂၀၁၄-၄-၁၁
ဂျာမန် သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ ဘာလင်မြို့တော်ကို ရောက်ရှိလာတဲ့  မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂျာမန် သမ္မတ ဂျွာချင် ဂျောက်က ဘာလင်မြို့က သမ္မတ အိမ်တော်မှာ လက်ခံ တွေ့ဆုံပါတယ်။ ဂျာမန် ရောက်ရှိစဉ် သမ္မတ ဂျွာချင် ဂျောက်က ဂျာမနီ ဆိုရှယ် ဒီမိုကရက်တစ် ပါတီက ဂုဏ်ပြုပေးအပ်မယ့် International Willy Brandt Prize ဆုကို ဒေါ်အောင်ဆန်းစုကြည်မှ လက်ခံရယူမှာဖြစ်ပါတယ်။ ဂျာမန် ဝန်ကြီးချုပ်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့
ပြီး နိုင်ငံခြားရေး ဝန်ကြီးနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။