Wednesday, April 16, 2014

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်သမ္မတက ELYSSE နန်းတော်တွင် လှိုက်လှိုက်လှဲလှဲကြိုဆို


၂၀၁၄-၄-၁၆
 မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၄-၄-၁၄ ရက်နေ့ မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ရောက်ရှိလာပြီး ၁၅ရက်နေ့ ပဲရစ်မြို့မှာရှိတဲ့ ELYSSE နန်းတော် မှာ ပြင်သစ်သမ္မတ 
ဖရန်ဆွာ ဟော်လန် နဲ့တွေ့ဆုံခဲ့ပါတယ်။မြန်မာဒီမိုကရေစီခေါင်းဆောင်အား ခင်မင်ရင်းနှီးစွာဖြင့် 
ခရီးဦးကြိုပြုခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေးနှင့်ပါတ်သက်ပြီး ပြင်သစ်နိုင်ငံအနေနဲ့ အကူအညီတွေပေး
နိုင်ဖို့   ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်ရှိ မြန်မာ့
နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအခြေ အနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။