Thursday, April 17, 2014

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius နှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့  တွေ့ ဆုံ

၂၀၁၄-၄-၁၇
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ တွေ့ဆုံခဲ့ပြီး ပြင်သစ်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာတဲ့အပေါ် ကြိုဆိုကြောင်း၊ ပြင်သစ်နိုင်ငံနဲ့  ဒေါ်အောင်ဆန်းစုကြည် တို့အကြားမှာရှိတဲ့ ဆက်ဆံရေးကို ဂုဏ်ယူကြောင်း ပြောကြားလိုက်ပါတယ်။သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြဿနာတွေအများအပြားရှိပြီး ဖြေရှင်းဖို့ အချိန်အများကြီးလိုအပ်သလို အစိုးရက
တာဝန်ယူ ဖြေရှင်းပေးရမှာဖြစ်ကြောင်း၊ ဒီမိုကရေစီအားပေးဖော်ဆောင်ပေးချင်တဲ့ အစိုးရတိုင်းက မြန်မာနိုင်ငံရဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကူညီပေးဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။