Wednesday, March 26, 2014

ပီနန်ဆရာတော်ကြီးနှင့် ကျောင်းနေသံဃာများအား မဟာသန္တိသုခကျောင်းတိုက်မှ ထွက်ခွာရန် မဟန အမိန့် ထုတ်

၂၀၁၄-၃-၂၆
ဗုဒ္ဓတရားတော်များကို နိုင်ငံခြား ဘာသာစကားများဖြင့် ကျွမ်းကျင်စွာ ဟောပြောပြသနိုင်သည့် ပြည်ပသာသနာပြု ပုဂ္ဂိုလ်များကို လေ့ကျင့်သင်ကြားပေးရန်အတွက် နိုင်ငံတော် အစိုးရက တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်တွင် တိပိဋကနိကာယသာသနာပြု ဥပဋ္ဌာက ပြည်ပသာသနာပြု အဖွဲ့ဥက္ကဋ္ဌအား စင်ကာပူ ပီနန်ကျောင်း အမည်ဖြင့် သာသနာ့မြေဂရန် ချပေးပြီး မဟာသန္တိသုခ ကျောင်းတိုက်ကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကျောင်းတိုက်ကို ၁၉၉၆ ခုနှစ်တွင် ပန္နက်တင်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ တည်ဆောက်စရိတ် ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော် ကုန်ကျခဲ့ကြောင်း၊  ကုန်ကျစရိတ်များအနက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကျပ်သိန်း ၁၀၀၀၊ မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ကျပ်သိန်း ၁၀၀၀၊ အေးရှားဝေါလ် ကုမ္ပဏီက ကျပ်သိန်း ၁၄၀၀၊ ပီနန်ဆရာတော်ကြီး နိုင်ငံခြား ဒါယကာများက ကျပ်သိန်း ၁၀၀၀၊ ပြည်တွင်းစေတနာရှင်များက ကျပ်သိန်း ၂၁၀၀ ကျော် လှူဒါန်းခဲ့ကြပြီး လိုအပ်ငွေကျပ်သိန်း ၂၀၀၀ ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ချေးယူ၍ တည်ဆောက်ခဲ့ကြောင်း သိရသည်။ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ချေးငွေကျပ်သိန်း ၂၀၀၀ ကို လစဉ်ကျပ် ၁၀ သိန်းဖြင့် ပြန်လည်ပေးဆပ်ခဲ့ရာ ၂၀၁၂ ခုနှစ်  မတ် ၁၆ ရက်တွင် အကျေပြန်လည်ပေးဆပ် နိုင်ခဲ့ကြောင်း သိရသည်။
ပီနန်ဆရာတော် ဦးပညာဝံသမှ မိန့်ကြားစဉ်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ပီနန်ဆရာတော်ကြီး
အား မဟာသန္တိသုခကျောင်းတိုက်မှ ၂၀၁၄ မတ် ၃၁ ရက်တွင် နောက်ဆုံးထားကာ ထွက်ခွာရန် မဟန မှအကြောင်းကြားစာ ပေးပို့ထားပြီး ဆရာတော်ကြီးမှ ထွက်ခွာပေးမည် မဟုတ်ကြောင်း မတ် ၂၅ ရက် မဟာသန္တိသုခ ကျောင်းတိုက်တွင် ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပီနန်ဆရာတော်ကြီးက မိန့်ကြားသည်။

သံဃနာယကအဖွဲ့က လွန်ခဲ့တဲ့ သုံးလေးရက်ကပဲ ၃၁ ရက်က နောက်ဆုံးထားပြီး ဦးပညာဝံသနဲ့ အပေါင်းအပါတွေ ထွက်ပေးဖို့ဆိုပြီး အကြောင်းကြားစာ ပို့တယ်။ ပုဒ်မ ၂၀/၃၀၊ ၂၀/၂၉ နဲ့ ဆွဲချမယ်ဆို
ပြီး အမိန့်ထုတ်တယ်။ ဒါကြောင့် ဒီလိုဆိုမှတော့ ဒကာမတွေလည်း အားလုံးသိရအောင်၊ သံဃာတွေ
လည်း အားလုံးသိရအောင် ဆိုပြီးတော့ ဒီနေ့ရှင်းလင်းတာ ဖြစ်တယ်။ ဘုန်းကြီးတို့ကတော့ ကျောင်းတိုက်
နေ ဖယ်ပေးမှာ မဟုတ်ဘူး ဟု ပီနန်ဆရာတော်ကြီးက မိန့်ကြားသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ပီနန်ဆရာတော်ကြီးအား ဖယ်ရှားပေးရန် ထပ်မံဖိအားပေးမှုများ ပြုလုပ်လာပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရဟန်းရှင်လူ အပေါင်းတို့ စုစည်းကာဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

ထိုနည်းတူစွာပဲ ဘာသာ သာဿနာ တိုးတက်ပြန်ပွားရေးနှင့် တိုင်းပြည်အရေးတို့ ကိုတစိုက်မတ်မတ်
ပြောဆိုသွန်သင်ဆုံးမပေးသော ဆရာတော်ကြီးများအား ကျောင်တိုက်များမှ ပယ်ရှားခံရသည့်
ပြဿနာများ တိုးပွားလာနေပြီး ရွေည၀ါဆရာတော်လည်း သာဓုကျောင်းတိုက်မှဖယ်ရှားခံခဲ့ရသည်။
အမျိုးဘာသာ သာဿနာ စောင့်ရှောက်ရေးအဖွဲ့ နှင့် ၉၆၉ အဖွဲ့ တို့ သည် ယနေ့ အချိန်အထိ
အစိုးရနှင့် မဟနမှ သတိပေးခြင်း ဖယ်ရှားခိုင်ခြင်းတို့ ကို မပြုလုပ်သေးပေ။