၂၆/၃/၂၀၁၄(မြဝတီမြို့)
မြဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရုံးခန်း ) ဆိုင်းဘုတ်တင်ရုံးခန်းဖွင့်ပွဲအခမ်းအနားကို ၂၅/၃/၂၀၁၄ နံနက် ၉ နာရီအချိန် အမှတ် ၅ ရပ်ကွက်ဝါးတော၊ ပြည်တော်ဝင်ကျောင်းအနီး ဦးပန်းမွှေး+ဒ်ါသီတာစန်း နေအိမ်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ နံနက် ၆း၀၀နာရီ မင်္ဂလာအချိန်တွင် သံဃာ တော်အရှင်သူများကို ပင့်ဖိတ်၍ ဆွမ်းစသည့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်ချ အမျှပေးဝေကုသိုလ်ကောင်းမှုများပြုလုပ်ခဲ့ကြပါသည်။ နံနက် ၉း၀၀နာရီအချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဘဘ ဦးတင်ဦး၊ ကရင်ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်နှင့် မြဝတီမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးပြုံးချို တို့မှ မြဝတီမြို့နယ် (အဖွဲ့ချုပ်ရုံးခန်း)အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် အခမ်းအနားအစီအစဉ်များရ နာယကကြီး ဘဘ ဦးတင်ဦး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ဥက္ကဌ ဒေါ်နန်းခင်ထွေးမြင့်၊ ခရိုင်ဥက္ကဌ ဦးစိန်ဗိုလ်နှင့် ကလိုထူးဘောအခြေချစစ်ဗျူဟာဗိုလ်မှူး စန်းအောင်တို့မှ အမှာစကားပြောကြားခဲ့ပါသည်။ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ
ဦးပြုံးချို မှ ရုံးခန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကားများ ပြောကြားခဲ့ပါသည်။ ရုံးခန်းတည်ဆောက်ဖွင့်လှစ်ရာတွင် ပါဝင်လှူဒါန်းပေးခဲ့ကြသော အလှူရှင်များအား နာယကကြီး
ဘဘ ဦးတင်ဦး နှင့် ပြည်နယ် ဥက္ကဌ ဒေါ်နန်းခင်ထွေးမြင့်တို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး
နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။ ရုံးဖွင့်ပွဲအခမ်းအနားသို့ သံဃာတော်များ၊ ပြည်သူများ၊ အလှူရှင်
များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ မြဝတီမြို့နှင့် မဲဆောက်မြို့ရှိ ပရဟိတအသင်းအဖွဲ့များ၊ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)အဖွဲ့ဝင်များ၊ NLD လွတ်မြောက်နယ်မြေမှ အဖွဲ့ဝင်များ၊ ကျောင်းသူ/သားများ၊ နိုင်ငံရေးပါတီများနှင့် အဖွဲ့ချုပ်/အဖွဲ့ဝင်များ စုစုပေါင်း ၆၀၀ခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားကို ၁၁း၀၀နာရီခန့်တွင် အောင်မြင်စွာ ရုပ်သိမ်း ခဲ့ပါသည်။ ထို့နောက် ပညာရောင်ခြည်ပရဟိတကျောင်း
သူ/သားများနှင့် အဖွဲ့ချုပ် လူငယ်များမှ သီချင်းများဖြင့် သီဆိုခဲ့ကြပါသည်။
Myawaddy Nld(26/3/2014)