Thursday, March 27, 2014

သမ္မတ ဦးသိန်းစိန် မိန့် ခွန်း ပြည်သူတွေ စိတ်ပျက်


နိုင်ငံတော် သမ္မတ မိန့် ခွန်း

"နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တပ်မတော်ဟာ ခေတ်မီတောင့်တင်းခိုင်မာဖို့ အရေးကြီးပါတယ်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ရှိနေရဦးမှာ ဖြစ်ပါတယ်၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာတဲ့ စားပွဲဝိုင်းတွေမှာလည်း တပ်မတော်ဟာ ဆက်လက်ပါဝင်နေဖို့ လိုအပ်ဆဲပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၃ နှစ်လောက်ကဆိုရင် နိုင်ငံတကာက မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ နောက်ကြောင်း ပြန် လှည့်သွား မလားဆိုပြီး သံသယတွေရှိခဲ့ကြကြောင်း၊ လက်ရှိမှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး
ကို ဆက်လက် လျှောက်လှမ်းနေဆဲ ဖြစ်ကြောင်နဲ့ ရှေ့ဆက်ခရီးအတွက် အားလုံးက လက်တွဲဆောင် ရွက်သွားရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

လက်တွေ့ မှာတော့ ကွာဟနေတာတွေကိုတွေ့ မြင်ရပါတယ်။နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးနှင့် နိုင်ငံရေး
ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာတဲ့ စားပွဲဝိုင်းတွေမှာလည်း  တပ်မတော်ဟာ ဆက်လက်ပါဝင်နေဖို့ လိုအပ်ဆဲပဲဖြစ်ပါတယ်ဟုဆိုထားသော်လည်း ၄ ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေရေးကို
သမ္မတက ငြင်းဆိုထားတာဖြစ်သလို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာတဲ့ စားပွဲဝိုင်းတွေမှာလည်း
တပ်မတော်မပါဝင်တာတွေ့ ရတယ်။နိုင်ငံရေးကိုလည်း သမ္မတက စီးပွားရေးဘက်ကိုအားသန်နေပြီး
တရုတ်နိုင်ငံကဲ့သို့  စီးပွားရေးတံခါးဖွင့်ပေးပြီး နိုင်ငံရေးကိုတော့ အာဏာရှင်တွေက မိမိတို့ လိုချင်တဲ့
ပုံစံကိုပုံဖေါ်နေတာတွေ့ ရပြီး စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်တက်နိုင်ဖို့  ပြည်သူတွေကို
အကျိုးမပြုတဲ့ အခြေခံဥပဒေပြင်ဆင်ရေးမှာ အစိုးရက အသံတိတ်နေတာဖြစ်ပါတယ်။တပ်မတော်က
ဆက်လက်ပါဝင်အောင် အစိုးရက လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံရေးအားကောင်းလာချိန် ပြည်သူတွေလည်းနှိုးကြားလာချိန်မှာ  အစိုးရကလူမျိုးရေး၊ဘာသာရေး သွေးခွဲမှုများကိုလုပ်ဆောင်နေတာတွေ့ ရပါတယ်။ဒါဟာ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်
ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာလည်း ဒီပြဿနာတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ အင်ဒိုနီးရှားအတိုင်းပုံတူ
ကူးချနေတဲ့  မြန်မာဦးသိန်းစိန်အစိုးရဟာ စစ်တပ်က နိုင်ငံရေးမှာပါဝင်လာပြီး ၂၅ % စစ်တပ်ကိုယ်
စားလှယ်တွေဟာ အခုတလောမှာ လွှတ်တော်ကနေ ဥပဒေပြုပြီး စစ်တပ်လွှတ်တော်ကိုယ်စားလှယ်
များကို ဖြုတ်ချချင်ရင် လွှတ်တော်သို့ တင်ပြပါက စစ်ဆေးမည်ဖြစ်ပြီး အကြောင်းတစ်စုံတရာမတွေ့ 
ရှိပါက တင်ပြသူအား ဥပဒေအရအရေးယူခံရမည်ဖြစ်သည်။ပြစ်မှုတစ်စုံတရာတွေ့ ရှိပါက ကာကွယ်
ရေးဦးစီးချုပ်ထံတင်ပြပြီး ကာကွယ်ရေးဦးစီးချုပ်၏ ဆုံးဖြတ်ချက်ဖြင့် ဖြုတ်ချနိုင်သည်ဟုဖေါ်ပြထား
သည့်အတွက် ဥပဒေနှင့်ကာကွယ်အတည်ပြုထားသည်ကိုတွေ့ မြင်ရသောကြောင့် ပြည်သူ့ ဆန္ဒဖြင့် 
တင်မြောက်ထားခြင်းမဟုတ်သော စစ်တပ်ကိုစားလှယ်များကို ဖြုတ်ချရန်ခဲရင်းသည့်အပြင် လွှတ်
တော်မှ ဆုတ်ခွာရေးသည်လည်း မျှော်လင့်ချက်မရှိတော့ပေ။ယခုတဖန် သမ္မတမှ  နိုင်ငံရေးပြဿနာ
တွေကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာတဲ့ စားပွဲဝိုင်းတွေမှာလည်း တပ်မတော်ဟာ ဆက်လက်ပါ 
ဝင်နေဖို့ လိုအပ်ဆဲဖြစ်တယ်ဆိုထားတယ်။ စစ်တပ်ကိုယ်စားလှယ်မှလည်း ၂၀၀၈ အခြေခံဥပဒေအရ
ရှိနေခြင်းဖြစ်တယ်လို့ ဆိုပြန်တယ်။ လက်ရှိအခြေအနေတွေကို သုံးသပ်ခြင်းအားဖြင့် အင်ဒိုနီးရှားလို
နှစ်အကန့် အသတ်နဲ့  ဆင်းပေးမဲ့ပုံမပေါ်ဘူး။ နိုင်ငံရေးအရလိုအပ်တယ်ဆိုပြီး နှစ်များစွာလွှတ်တော်
မှာ ရှိနေမည့်အခြေအနေကိုမြင်ရပြီး ဦးသိန်းစိန်ပြောသလို နိုင်ငံရေးနည်းနဲ့ ညှိနိုင်းအဖြေရှာဖို့ ဆိုတာ
ပရိရာယ်ပါပါတယ်။ယနေ့ အချိန်အထိ ခေါင်းဆောင်တွေ တွေ့ ဆုံဆွေးနွေးအဖြေရှာတာ မရှိသ
လောက်ပါပဲ။

အစိုးရ ၃ နှစ်သားသက်တမ်းမှာ နိုင်ငံရေး၊စီးပွားရေးဟာ ပြည်သူတွေ မျှော်မှန်းထာသလောက်
သိသိသာသာ တိုးတက်လာတာမတွေ့ ရပါဘူး။ ပြည်သူတွေရဲ့  ဆင်းရဲမွဲတေ ဖိနှိပ့်မှုမှ အသံတွေသာ
ကျယ်လောင်လာနေပါတယ်။ ခိုးဝင်လာသူ ဘင်္ဂလီတွေရဲ့ ကိစ္စလည်း ထိထိရောက်ရောက် ပြတ်ပြတ်
သားသား မဖြေရှင်းခဲ့ပါ။ ပြည်သူတွေအတွက် အကျိုးမရှိတဲ့ ၂၀၀၈ အခြေခံဥပဒေလည်းမပြင်သေးပါ။
စစ်တပ်က လယ်ယာမြေမတရားသိမ်းယူထားတဲ့ ကိစ္စလည်း ပြည်သူတွေလက်ထဲပြန်မရောက်သေးပါ။
အာဏာရှင်တွေ လဒ်စားပြီး စီးပွားရေးစာချုပ်ချုပ်ခဲ့တဲ့ စီမံကိန်းတွေကိစ္စတွေလည်း ပြေလည်အောင်
မဖြေရှင်းသေးပါ။ ပြည်တွင်းငြိမ်းချမ်းရေးလည်း ကြိုးရှည်ရှည်နဲ့ လှန်ထားပြီး အောင်မြင်အောင်
အကောင်အထည်မဖေါ်ပဲ မွေးထားခြင်သာဖြစ်သည်။

အင်ဒိုနီးရှား ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး

သမ္မတဆူဟာတို လက်ထက် နှစ်ပေါင်း ၃၀ ကျော်မျှ အာဏာရှင်စနစ်၏ ကျောရိုးအခန်းမှ ပါဝင်ကာ
 လူထု ကို အလွန်အကျွံ ဖိနှိပ်အာဏာပြခဲ့ကြသဖြင့် လူထုက နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားသည့် စစ်တပ်မျိုးကို မမြင်တွေ့လိုကြတော့ပေ။ စစ်ဗိုလ်ချုပ်ကြီးများနှင့် ခရိုနီများ ပူးပေါင်းကာ ကုဋေကြွယ် ဗိုလ်ချုပ်ကြီးများ ဖြစ် နေကြစဉ် အင်ဒိုနီးရှား ပြည်သူလူထု အများစုမှာ ဆင်းရဲမွဲပြာ ကျနေခဲ့ကြ၏။
 ထို့ပြင် စစ်တပ်၏ အာဏာ အလွဲသုံးစားပြုမှုများ၊ လူ့အခွင့်အရေးချိုးဖောက်၊ ဖိနှိပ်မှု ပြဿနာများမှာ
လည်း ဖုံးမနိုင်ဖိမရ ထွက်ပေါ်လာခဲ့ ကြသည်။ တစ်ချိန်တည်းတွင် စစ်တပ်က နိုင်ငံရေးတွင် ပါဝင်စွက်ဖက်မှုများ ရှိနေသမျှ စစ်မှန်သည့် ဒီမို ကရေစီ နိုင်ငံရေးဘ၀ကို ထူထောင်နိုင်မည်မဟုတ်ဟု
 ဤ အရပ်သားနိုင်ငံရေး အင်အားစုများက မြင်လာ ခဲ့ကြ၏။ ထို့ကြောင့် ပြည်သူ့အတိုင်ပင်ခံကြီးက တပ်တွင်း ပြုပြင်ပြောင်းလဲရေးအတွက် စစ်တပ်၏ ပါရာ ဒိုင်းပုံစံသစ် (New Army Paradigm) ကို 
ချမှတ် ဆုံးဖြတ်ခဲ့ကြ၏။

၁၉၉၈ ခု၊ မေလတွင် သမ္မတ ဆူဟာတို၏ New Order အစိုးရ ပြုတ်ကျသွားသည့်အခါ စစ်ဘက်မှ   လွှမ်းမိုး သည့် အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ဒီမိုကရေစီအင်အားများ၏ နိုင်ငံရေးဖိအား ကြီးမားလာ သည့်အလျောက် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးပုံစံသစ် ထူထောင်ရေးလုပ်ငန်းစဉ်မှာ အရေးပါတော့ ၏။ နှစ်ပေါင်း ၄၀ နီးပါး ကြာမြင့်ခဲ့သည့် အာဏာရှင်စနစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ အရပ်သားအုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းရန် လမ်းပွင့်လာခဲ့သည်။ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်  အတွင်း ကျွံဝင် ခြယ်လှယ်နေ သည့် စစ်တပ်၏အခန်းကို အဆုံးသတ်ပစ်ရန် အရေးကြီးလာခဲ့သည်။


အင်ဒိုနီးရှား နိုင်ငံရေးလောကမှ စစ်တပ်စောနိုင်သမျှ စောစီးစွာဆုတ်ခွာထွက်ပေးရေးအတွက် အကြီး အကျယ် နိုင်ငံရေး ဖိအား ပေးလာခဲ့ကြသည်။ ထိုသို့ နိုင်ငံရေး နယ်ပယ်မှ စစ်တပ်ဆုတ်ခွာသွားရေး အတွက် ဒီမိုကရေစီ အင်အားစုပေါင်းစုံပါဝင်သည့် ပြည်သူ့အတိုင်ပင်ခံညီလာခံ (People’s Consulta    tive Assembly) တစ်ရပ်ကို မြို့တော်ဂျကာတာ (Jakata) တွင် ကျင်းပခဲ့ကြ၏။ အဆိုပါ ညီလာခံတွင် ပြည်သူ့ ကိုယ်စားလှယ်တော်များ ကောင်စီနှင့် ဒေသဆိုင်ရာ ကိုယ်စားလှယ်များကောင်စီတို့ ပါဝင်နေ သဖြင့် ထိုစဉ်က အခြေခံ ဥပဒေအရ အမြင့်ဆုံးဥပဒေပြု အဖွဲ့အစည်းတစ်ရပ် ဖြစ်နေခဲ့သည်။
အဆိုပါ ပြည့်သူ့အတိုင်ပင်ခံ ညီလာခံကြီးက အင်ဒိုနီးရှားစစ်တပ်၏ ပြည်သူ့လွှတ်တော်တွင် အလို အလျောက် ပါဝင်ခွင့်ကို တဖြည်းဖြည်း လျှော့ချ ရုတ်သိမ်းသွားရေးကို တောင်းဆိုခဲ့ကြ၏။စစ်တပ်အရာရှိများကို တစ်ဆင့်မြင့် အရပ်ဘက် ရာထူးနေရာများတွင် အစားထိုးခန့်ထားသည့် စနစ်ကို လည်း ရုတ်သိမ်းပစ်ခဲ့၏။ နိုင်ငံတော်အဆင့်နှင့် ဒေသအဆင့် လွှတ်တော်များတွင် ပါဝင်နေသည့်     စစ်တပ် ကိုယ်စားလှယ်များ၏ အရေအတွက်ကိုလည်း အချိုးကျနှစ်အလိုက် တဖြည်းဖြည်းချင်း လျှော့ချ ရုတ်သိမ်းပေးခဲ့၏။ မူလက ၂၀၀၉ ခုနှစ်တွင် နောက်ဆုံးထား၍ လွှတ်တော်မှထွက်ခွာရန် သဘောတူ    ထား သည့် စစ်ဘက် ကိုယ်စားလှယ်များအားလုံး ၂၀၀၄ခုနှစ်မှာပင် အပြီးတိုင် ရုတ်သိမ်းသွားခဲ့ကြ    သည်။ 

မြသိန်း