Monday, February 10, 2014

ဂျာမဏီနိုင်ငံသမ္မတ Joachim Guack ပထမဆုံး မြန်မာပြည်ရောက်ရှိ

၂၀၁၄-၂-၁၀
ဂျာမဏီနိုင်ငံသမ္မတ Joachim Guack ဟာ ပထမဆုံး မြန်မာပြည်ခရီးစဉ်အဖြစ် ဒီနေ့ ရန်ကုန်မြို့ကို
ရောက်ရှိလာခဲ့ပြီး ညနေပိုင်းတွင် ရွှေတိဂုံဘုရားကို သွားရောက်ရေသပ္ပါယ်ခဲ့ပါတယ်။
ဂျာမန်သမ္မတနဲ့အဖွဲ့ဟာ နေပြည်တော်မှာ မြန်မာသမ္မတဦးသိန်းစိန်၊ လွှတ်တော်နာယက ဦးရွှေမန်း၊ အန်အယ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော် အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီတို့နဲ့
 တွေ့ဆုံဖို့ရှိတယ်လို့  သိရှိရပါတယ်။