Monday, February 10, 2014

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြည်သူအပေါ်ဆော်ကားခြိမ်းခြောက်မှု သမ္မတမှ အရေးယူဆောင်ရွက်ရန် တာဝန်ရှိ

၂၀၁၄-၂-၁၀
သမ္မတကြီးခင်ဗျား ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်တစ်ယောက် သစ်ယာကောက်ကျေးရွာမှာပြောဆို
မှုတွေနဲ့ပါတ်သက်ပြီး ကျွန်တော်အနည်းငယ် တင်ပြပါရစေ၊ပြန်ကြားရေးဒုဝန်ကြီးဦရဲထွဋ်ကတော့
ဦးအုန်းမြင့်ရဲ့ စိတ်ရင်း ပတ်ဝန်းကျင်အခြေအနေတွေကိုကြည့်ရမယ်တဲ့ခင်ဗျ၊ မှန်တာပေါ့ခင်ဗျာအဲဒါ
ဦးအုန်းမြင့်ကိုအမှုဖွင့်ပြီးတရားစွဲပြီးမှ ရာဇဝတ်တရားသူကြီးက ဆင်ခြင်တုံတရားအရ လုပ်ရမှာပါ။နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူတုံးကတော့ အဲ့ဒီဆင်ခြင်တုံတရားဘယ်ရောက်
နေပါသလဲသမ္မတကြီးခင်ဗျာ။

ဝန်ကြီးဦးအောင်မင်းက ပြောပါတယ်စေတနာအမှားတဲ့၊စေတနာဆိုပေမဲ့ အမှားအမှန်မသိတဲ့ပညာမဲ့
တွေရဲ့ စေတနာဟာဝေဒနာဖြစ်တတ်ပါတယ်ခင်ဗျာ။ ဥပမာတစ်ခုပြောပြပါရစေ တစ်ခါတုံးက လက်သမားသားအဖနှစ်ယောက် အိမ်ဆောက်လို့သံရိုက်ရင်း အဖေလုပ်သူနဖူးခြင်ကိုက်နေတာ
ကိုသားလုပ်သူက စေတနာပိုပြီး လက်ထဲအသင့်ရှိတဲ့တူနဲ့ ခြင်ကိုအားကုန်ထုသတ်လိုက်တာ
ဖခင်ဖြစ်သူနဖူးကွဲလို့ သေပါရောလား။ ဒါကြောင့်ပညာမဲ့သူတွေရဲ့  စေတနာကိုခံစားရင်းဝေဒနာကို
ရင်မှာပိုက်နေရတဲ့ ပြည်သူတွေကိုယ်စား ဦးအုန်းမြင့်ကိုအမှုဖွင့်အရေးယူပေးပါလို့ အသနားခံတင်ပြ
ရတာပါ။


ရွာသာတွေအနေနဲ့ ကြောက်ရွံ့ပြီးအမှုမဖွင့်ရဲလို့ပါ ရာဇဝတ်မှုတစ်ခုမှာ အမှုဖွင့်မဲ့တရားလိုမရှိရင်
အစိုးရတရားလိုလုပ်လို့ရတယ်လို့ မှတ်သားဖူးပါတယ်ခင်ဗျာ။ဦးအုန်းမြင့်ကို ဘာအမှုနဲ့ဖွင်ရမှာလည်းလို့ တော့မမေးပါနဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၂၉၄/၅၀၆ နဲ့ဖွင့်ပါလို့အကြံပြုပါရစေ။
၎င်းပုဒ်မမျာရဲ့ အင်္ဂါရပ်တွေနဲ့ ပြစ်ဒဏ်တွေပါတင်ပြလိုက်ပါတယ်၊နွားရှေ့ထွန်ကျူးခြင်းမဟုတ်ပါ၊အ
လုပ်များတဲ့ သမ္မတကြီးလိုက်ရှာနေရမှာစိုးလို့ စေတနာနဲ့ပါခင်ဗျာ။ပုဒ်မ-၂၉၄-လိုအပ်သောအင်္ဂါရပ်များ၊

၁။တရားခံသည်၊ (က)အများပြည်သူဆိုင်ရာနေရာ၌ပြုလုပ်မှုတစ်ခုခုကိုပြုခြင်း(သို့)(ခ)အများပြည်သူ
ဆိုင်ရာနေရာ အနီးအနားတွင် ကဗျာ၊လင်္ကာ၊သီချင်းစကားတစ်မျိုးမျိုးကိုရွတ်ဆိုခြင်းပြောဆိုခြင်း။

၂။ယင်းသို့ပြုလုပ်မှုပြောဆိုမှုသည်ညစ်ညမ်ြးံငင်း၊၃။ထိုသို့ပြုလုပ်မှုကြောင့်အခြားသူမျာအားစိတ်ညိုငြင်
   စေခြင်း၊ညစ်ညမ်းစွာပြောဆိုမှု၊အာမခံရ၍သုံးလထိထောင်ဒဏ်(သို့)ငွေဒဏ်(သို့)ဒဏ်နှစ်ရပ်လုံး။

ပုဒ်မ-၅၀၆-ခြောက်လှန့်မှုလိုအပ်သောအင်္ဂါရပ်များ
(၁)တရားခံသည်လူတစ်ဦးအားခြိမ်းခြောက်ခြင်း၊
(၂)ထိုသူ၏(သို့)ထိုသူကလိုလားသောသူ၏ကိုယ်၊ဂုဏ်သရေ၊ပစ္စည်းတစ်ခုခုကိုနစ်နာစေမည်ဟုခြိမ်း
     ခြောက်ခြင်း။
(၃)ထိုသူအားထိပ်လန့်စေရန်အကြံ၊ဥပဒေအရပြုလုပ်ရန်တာဝန်မရှိသည့်ြ ပုလုပ်မှုကိုပြုစေရန်အကြံ
     (သို့)ဥပဒေအရပြုလုပ်ပိုင်ခွင့်မရှိသောပြုလုပ်မှုပြုစေရန်အကြံရြှိံခင်း။
အာမခံရသည့်အမှု-ပထမပိုင်းအမှုအတွက်(၂)နှစ်ထိထောင်ဒဏ်(သို့)ငွေဒဏ်(သို့)နှစ်ရပ်လုံး၊ဒုတိယပိုင်း
အမှုအတွက်(၇)နှစ်ထိထောင်ဒဏ်(သို့)ငွေဒဏ်(သို့)နှစ်ရပ်လုံး။

သမ္မတကြီးခင်ဗျာ လူထုအကျိုးရှေးရှုသော သန့်ရှင်းသောအစိုးရဖြစ်ရန်ကြိုးစားနေသော သမ္မတကြီးရဲ့ 
အစိုးရနံမည်မပျက်စေရန် ဆွမ်းဆန်ထဲရောနေသောကြွက်ချေး(သို့)ဝန်ကြီးဦးအုန်းမြင့်ကို သမ္မတကြီး
ကိုယ်တိုင်တရားလိုလုပ်အရေးယူပေးပါရန် ပြည်သူတစ်ယောက်အနေနဲ့ တိုက်တွန်းပါရစေ၊အရေးမယူ
ပေးနိုင်ပါကလည်း စိတ်မဆိုးပါ။ နှစ်ငါးဆယ်ခန့်ခံစားလာခဲ့တဲ့ ပြည်သူတွေအနေနဲ့ ငရဲကလာသူပြာပူမ
ကြောက်သလို သမ္မတကြီးရဲ့ဝန်ကြီးများအနိုင်ကျင့်သမျှ ရင်စည်းခံရင်းသမ္မတကြီးကျမ္မာပါစေလို့
မေတ္တာပို့ပေးနေမည်ဖြစ်ပါကြောင်း တင်ပြရင်း။

မျှော်လင့်ခြင်းများစွာဖြင့်

ဝင်းကျော်စွာ
၉-၂-၁၄