Sunday, February 9, 2014

၂၀၁၅မှာ ကြီးမားသောအပြောင်းအလဲတစ်ခုပေါ်ပေါက်ရေး ၂၀၁၄ အစမှာပင် မြို့ ကြီးများတွင် ပြည်သူများ၏ ဒီမိုကရေစီလှုပ်ရှားမှု အားကောင်းလာနေ



ယနေ့ မန္တလေး "ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပြင်ဆင်ရေး၊ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး အမြန်ဆောင်
ရွက်ရေး၊ မတရားသောဥပဒေများဖျက်သိမ်းရေး၊ ပုဒ်မ -၁၈ ဖျက်သိမ်းရေး" တို့ အတွက်ပြုလုပ်သော 
ဆန္ဒဖော်ထုတ်ပွဲများ တနေ့ ထက်တနေ့  များပြားလာနေတာကိုတွေ့ ရပါတယ်၊။

၂၀၁၅ နီးလာနေပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းလာဖို့ နဲ့  လူ့ အခွင့်အရေး၊ တိုင်းရင်းသား
အခွင့်အရေးများနှင့် ရဟန်းရှင်လူ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားများ၏ အခွင့်အရေးများ ရရှိဖို့ အတွက်
ရဟန်းရှင်လူ ပြည်သူများ ဆရာဝန်များ၊ ရှေ့ နေများ၊ စာရေးဆရာကြီးများ၊ ရုပ်ရှင်ဂီတအနုပညာရှင်များနှင့် ဘက်
ပေါင်းစုံမှ ပညာရှင်အသီးသီးတို့ က ၂၀၁၄ ခုနှစ်မှာ ဒီမိုကရေစီအရေးပိုမိုမြင့်တင် ကြီုးစားလုပ်ဆောင်နေကြပြီး
 နေ့ စဉ်နှင့်အမျှအသံတွေ ပိုမိုကျယ်လောင်လာနေတာကိုတွေ့ မြင်ရပါတယ်။

နိုင်ငံရေးအသိုင်းအ၀ိုင်းနယ်ပယ်အသီးသီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး
ဆိုင်ရာ လူထုဆန္ဒသဘောထားရယူရေး ဟောပြောပွဲများကို ပြည်နယ်အသီးသီးတွင် ဆောင်ရွက်လျှက်ရှိရာ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲများကို မြောက်များစွာသော တိုင်းရင်သားပြည်သူများ
က တက်ရောက်အားပေး ထောက်ခံလျှက်ရှိနေပါသည်။

တဘက်မှာလည်း စစ်မှန်သောဒီမိုကရေစီစနစ်ကိုမလိုလားသော ပါတီအဖွဲ့ အစည်းများမှ အာဏာရှင်စနစ်ဆက်
လက်ရှင်သန်ရေးအတွက် နည်းပေါင်းစုံဖြင့် ဒေါ်အောင်ဆန်းစုကြည်ပေါ် ရည်ရွယ်၍ တားမြစ်ထားသော ၅၉ (ဃ)
နှင့် (စ) မပြင်ဆင်ရန် လှုပ်ရှားမှုများ ပေါ်ပေါက်လျှက်ရှိသည်။

မည်သို့ ပင်ဖြစ်စေကာမှု လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် တရားမျှတ၍လွတ်လပ်သော ရွေးကောက်ပွဲတခု
ဖြစ်အောင် ပြည်သူအများစုကလိုလားနေကြပြီး နိုင်ငံတကာမှလည်း တောင်းဆိုနေကြသည်။ ဒေါ်အောင်ဆန်း စုကြည်ကို လေးစားချစ်ခင်ကြသော ပြည်သူလူထုကြီးမှ သမ္မတ ဖြစ်မြောက်ရေးအတွက် လှုံဆော်မှုများမြှင့်တင် လာနေပြီး မြန်မာနိုင်ငံတွင် စစ်မှန်သောအပြောင်းအလဲကြီးတစ်ခု ပေါ်ပေါက်လာစေရန် ပြည်သူများက ၂၀၁၅ ကို အားထားနေကြသည်ဟု တွေ့ မြင်ရသည်။

မြသိန်း