Thursday, February 6, 2014

နိုင်ငံသားအခွင့်အရေးအပြည့်အ၀ရရှိစေရန် ပုဒ်မ ၅၉(စ) နှင့် ပုဒ်မ(ဃ) ပြင်ဆင်ရေး တောင်းဆိုဆန္ဒဖော်ထုတ်ပွဲများကို အမြို့ မြို့ အနယ်နယ်တွင် တောင်းဆိုသွားရန်ရှိနေ

၂၀၁၄-၂-၆
အလုံမြို့ နယ် ကြည့်မြင်တိုင်အောက်လမ်းကနေ အခုလောလောဆယ် ချီတက်နေကြပါသည်။ 
ပုဒ်မ ၅၉(စ) နှင့် ပုဒ်မ(ဃ) ချက်ခြင်းဖျက်ပေးရေးကို ပြည်သူများက မိမိတို့ ၏ ဆန္ဒအရ
တောင်းဆို ဆန္ဒပြကြခြင်းဖြစ်သည်။

လွှတ်တော်တွင် ဖွဲ့ စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီ၏ လေ့လာတွေ့ 
ရှိချက်နှင့် သုံးသပ်ချက်အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး လေ့လာချက်အရ ၉၀ %ကျော်က ပြင်ဆင်
ပေးဖို့  ပြည်သူများ၏ အကြံပြုလွှာကို ရရှိခဲ့သည်။

သို့ သော်လည်း ကြံခိုင်ဖွံ့ ဖြိုးရေးပါတီမှ  ၁၀၆၁၀၂ ဦး၏ လက်မှတ်များကိုကောက်ခံပြီး တင်ပြ
ထားတာကိုတွေ့ ရပါသည်။ကော်မတီမှ ပြင်ဆင်ရန်ရာခိုင်နှုန်းများစွာတောင်းဆိုထားသည်ကို
သိရှိသောကြောင့် နောက်ထပ်တိုးလက်မှတ်များ တင်ပြလာသည်ကိုတွေ့ မြင်ရသည်။

ထို့ ကြောင့် ပြည်သူများအနေဖြင့် နိုင်ငံသားအခွင့်အရေးအပြည့်အ၀ရရှိစေရန် အမြို့ မြို့ အနယ်
နယ်များတွင် တောင်ဆိုဆန္ဒဖော်ထုတ်ပွဲများ ဆက်တိုက်ဆိုသလို ပြုလုပ်လာကြသည်။