Friday, February 7, 2014

ပြည်ခိုင်ဖြိုးပါတီ ဦးအောင်သိန်းလင်းမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့  တင်သွင်းခဲ့သည့် လူတစ်သိန်းကျော် လက်မှတ်ကိစ္စရပ်သည် လုပ်ကြံဖန်တီးထားခြင်း



၂၀၁၄-၂-၇
ပြည်ခိုင်ဖြိုးပါတီ၏ CEC တစ်ဦးဖြစ်သူ ယခင်ရန်ကုန်တိုင်း ဒေသကြီး တာဝန်ခံ၊ ရန်ကုန် မြို့တော်ဝန်နှင့် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်း၏ တာဝန်ခံချက်ဖြင့် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသော နိုင်ငံတော် သမ္မတ အရည်အချင်း သတ်မှတ်ချက် ဆိုင်ရာ ပုဒ်မ ၅၉(စ) အပါအ၀င် ပြင်ဆင်နိုင်ရန် အလွန်တရာ အရေးကြီးလှသော ပုဒ်မ ၆ ခုကို လုံးဝ မပြင်ဆင်ရန် လူတစ်သိန်းကျော်က ဆန္ဒပြုထားကြောင်း ကိစ္စရပ်သည် ပြည်ခိုင်ဖြိုး၏ အသင်းဘ၀ကပင် ဆောင်ရွက်ခဲ့သော လုပ်ထုံးလုပ်နည်းများနှင့် ယခု ဓာတ်ပုံ ဖော်ပြထားသော အချက်အလက်များအား နှိုင်းယှဉ်စိစစ် သုံးသပ်မှုများ ပြုလုပ်ရာတွင် ယင်း လူတစ်သိန်းကျော် ဆန္ဒပြုခြင်း ကိစ္စရပ်သည် လုပ်ကြံ ဖန်တီးထားခြင်းသာ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

ပြည်ခိုင်ဖြိုးသည် အသင်းမှ ပါတီသို့ မကူးပြောင်းမီ အချိန်များကပင် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် စသည်ဖြင့် အဆင့်ဆင့် ပြုလုပ်လေ့ရှိသော အသင်းဝင် အဆိုပြုလွှာများကို ရပ်/ကျေး
 အဆင့် စည်းရုံးရေးမှူးများ၊ အမှုဆောင်များနှင့် အသင်းလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်လေ့ရှိသော အသင်းသား အချို့က ရပ်ကွက် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာထံမှ တောင်းယူ ရရှိထားသော (သို့မဟုတ်) အလိုရှိချိန်တွင် တောင်းယူ အသုံးပြုသော ရပ်ကွက် အိမ်ထောင်စု သန်းခေါင် စာရင်းများ ရှိသူများ၏ အမည်၊ မှတ်ပုံတင်၊ နေရပ် လိပ်စာ၊ အလုပ်အကိုင် စသည်ဖြင့် အသင်းဝင် အဆိုပြုလွှာတွင် ဖြည့်စွက်
ရန် လိုအပ်သည့် အချက်အလက် များကို အထက်ပါ ရပ်/ ကျေး အဆင့်ရှိသူများက မိမိတို့ဘာသာ
ကူးယူ ဖြည့်စွက်၍ လုပ်ကြံ ဖန်တီးခဲ့မှု များကို အဆိုပြုလွှာများ ပေးအပ်သည့် အခါတိုင်း ပြုလုပ်
ခဲ့ကြသည်။

ယင်းသို့ ပြည်ခိုင်ဖြိုး၏ လုပ်ကိုင် ဆောင်ရွက်ပုံကို ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုး
 အသင်းတွင် တာဝန် ထမ်းဆောင်ခဲ့သည့် (အသင်းဝင်အမှတ် မသိရှိတော့) ယင်းမြို့နယ် ၃၂
ရပ်ကွက်၊ အေးမြသာယာ လမ်းတွင် နေထိုင်ခဲ့သော ဦးဝင်းကိုကိုဦးက မြန်မာသံတော်ဆင့်သို့ အောက်ပါအတိုင်း ဖွင့်ဟ ပြောကြားခဲ့သည်။