Saturday, February 8, 2014

ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း လွှတ်တော်နှင့် ဖွဲ့ စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီသို့  လက်မှတ်တုများတာဝန်ခံ တင်သွင်းခဲ့ခြင်းသည် လွှတ်တော်ကိုယ်စားလှယ်၏ လိုက်နာရမည့် ကျင့်ထုံးနည်းဥပဒေများကို ချိုးဖေါက်ခြင်းဖြစ်သည်


အခုလို လူတစ်ယောက်တည်း ၊လက်ရေးပုံစံတူ လက်မှတ်ကွဲများဖြင့် လူတစ်သိန်းကျော်က အဆိုပြုလွှာ
ကို ဦးအောင်သိန်းလင်းမှ တာဝန်ခံတင်သွင်းခဲ့ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်
မတီမှ လွှတ်တော်သို့ တင်သွင်းကာ ပြည်သူများကို ကော်မတီမှ ထုတ်ပြန်ခဲ့သည်။

လွှတ်တော်သို့  ဖွဲ့ စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီမှတင်သွင်းခဲ့ပြီးဖြစ်သည်။ထိုသို့  လက်မှတ်တုများဖြင့် လိမ်လည်၍တင်သွင်းခြင်းသည်နိုင်ငံတော်ကိုအရှက်ရစေသလိုလွှတ်တော်
ကိုယ်စားလှယ်များကိုလည်း မထီမျက်မြင်ပြုခြင်း၊ ဖွဲ့ စည်းပုံအခြေခံဥပဒေ လ့လာသုံးသပ်ရေးကော်
မတီအား အယုံအကြည်မဲ့စေရန်လုပ်ကြံဖန်တီးခဲ့မှုအား လွှတ်တော်ကိုယ်စားလှယ်၏ လိုက်နာရမည့်
ကျင့်ထုံးများကိုချိုးဖေါက်ခြင်းဖြစ်သည့်အတွက် အစိုးရအနေဖြင့် ဥပဒေကြောင်းအရ ထိရောက်စွာ
အရေးယူ ဆောင်ရွက်ရမည်ဖြစ်သည်။

ထိုနည်းတူစွာ အတိုက်အခံပါတီများနှင့် ပြည်သူလူထုမှ ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတောင်းဆို
နေချိန်တွင် က်ာမတီ၏ ကြေညာချက်မတွက်မီ ဦးအောင်သိန်းလင်းမှ၁ သိန်းကျော်လက်မှတ်တုများ စုဆောင်း၍ လာရောက်တင်သွင်းခဲ့ခြင်းသည် ပြည်သူများအား မျက်စိလှည်လမ်းမှားဖြစ်အောင် မပြင်ဆင်ရေးအတွက် လက်မှတ်တုများပြုလုပ်၍အားထုတ်ခဲ့ခြင်းဖြစ်သည်။ အမှန်တကယ်တွင် ပြည်သူများမှ အကြံပြုလွှာပေါင်း အခန်းအလိုက် ၁မှ ၁၅ အထိ ၄၄၂၂၁ ဦးမှ ပေးပို့ ခဲ့ပြီး ၄၁၃၉၁ ဦးမှ ပြင်ဆင်ရန် အကြံပြုခဲ့ခြင်းသည် ၉၀%ကျော်က ပြင်ဆင်သင့်သည်ဟုအကြံပြုထားခြင်းဖြစ်သည်။
ထိုသို့  လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖွဲ့ စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး
ကော်မတီအား လိမ်လည်ခဲ့မှုသည်ဥပဒေကိုချိုးဖေါက်ခြင်းဖြစ်သည့်အပြင် နိုင်ငံတော်နှင့် ပြည်ခိုင်ဖြိုး
ပါတီ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည်။

မြသိန်း