Sunday, February 9, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ယက် ရန်ပုံငွေပွဲ

၂၀၁၄-၂-၉
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ၊ ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ကျင်းပသော အဖွဲ့ချုပ် အမျိုးသားကျန်းမာရေးကွန်ယက် ၏ နှစ်ပတ်လည် ရံပုံငွေဂီတဖျော်ဖြေပွဲ ကို တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်...

အဖွဲ့ချုပ် ဥက္ကဌ သည် " ကျွန်မတို့ ကျန်းမာရေးကွန်ယက်ရဲ့ ရန်ပုံငွေရှာပွဲကိုလာပြီးတော့ အားပေးတဲ့ ပရတ်သတ်အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကြိုဆိုပါတယ်၊ အထူးသဖြင့် ကျွန်မ ပထမဆုံးပြောရမှာ
တော့ ကျွန်မတို့ ဒီပွဲ ကျင်းပနိုင်အောင် ၀ိုင်းဝန်းပြီး ကူညီပေးတဲ့ အနုပညာရှင်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်၊

ကျန်းမာရေးဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်မ ထူးထူးထွေထွေ ရှင်းပြဖို့မလိုဘူးလို့ ထင်ပါတယ်၊ ကျွန်မတို့ နိုင်ငံရဲ့ အဓိက အရေးအကြီးဆုံး တန်ဖိုးအရှိဆုံး ရတနာကတော့ ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေပါပဲ၊ ဒီနိုင်ငံသူ နိုင်ငံသားတွေဟာ မိမိတို့ရဲ့ တာဝန်တွေကိုလဲ ကျေပွန်နိုင်
အောင်လို့ မိမိတို့ နိုင်ငံရဲ့ တာဝန်တွေကိုလဲ ကျေပွန်နိုင်အောင်လို့ဆိုရင် ကျန်းမာဖို့ လိုတယ်၊
ပညာတတ်ဖို့ လိုတယ်၊ ကျွန်မတို့ ဒီနှစ်ခုကို အမြဲပဲ အလေးထားပါတယ်၊ ကျန်းမာရေး နဲ့ ပညာရေး၊

ဒါကြောင့်မို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီ ကျန်းမာရေးကွန်ယက်ကို စပြီးတော့ ဖွဲ့ကတည်းကို
က ရည်ရွယ်ချက်က ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများ၊ ကျွန်မတို့ ပြည်သူ ပြည်သားများ၊ မိမိတို့ရဲ့ အစွမ်းအစများကို ပြည့်ပြည့်၀၀ သုံးနိုင်ဖို့အတွက်၊ ကိုယ်နေတဲ့ ပတ်ဝန်းကျင်အတွက် ၊ ကိုယ်နေတဲ့ နိုင်ငံအတွက်၊ ကိုယ်နေတဲ့ ကမ္ဘာ အတွက် အပြည့်အ၀သုံးနိုင်ဖို့အတွက် ကျန်းမာရေး ဂရုစိုက်ဖို့လိုတယ်ဆိုတဲ့ အနေနဲ့ ကျွန်မတို့ လုပ်ခဲ့တာပါ၊

ကျွန်မရဲ့ မေမေက သူနာပြုဆရာမဆိုတော့ ကျွန်မကို ငယ်ငယ်ကတည်းက ပြောလေ့ရှိပါတယ်၊ မကျန်းမာရင် ဘာမှ လုပ်လို့ မရဘူးတဲ့၊ ငယ်ငယ်တုန်းကတော့ ကျွန်မ ဒီစကားကို သိပ်ပြီးတော့ အလေးအနက်မထားဘူး၊ ဒါ လူကြီးပြောတဲ့ စကားပေါ့နော်၊ မကျန်းမာရင် ဘာမှ လုပ်လို့ မရဘူး၊
ဒါပေမယ့် အသက်ကြီါ်လာတာနဲ့ အမျှ မေမေဟာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ရတဲ့ လူနာတွေရဲ့ ဘ၀အပေါ်မှာ အခြေခံပြီးတော့ ဒီစကားကို ပြောတယ်ဆိုတာ ကျွန်မ သဘောပေါက်လာပါတယ်.."
ဟု ထည့်သွင်းမိန့်ကြားခဲ့သည်။

NLD