Thursday, February 6, 2014

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် နိုင်ငံအရေးဆောင်ရွက်နေသော နိုင်ငံရေး သမားများနှင့် ပါတီအဖွဲ့ အစည်းများအား ခြိမ်းခြောက်ဆော်ကားခံရမှု ဦးသိန်းစိန် အစိုးရအပေါ်တာဝန်ရှိ

၂၀၁၄-၂-၆
မကွေး တိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ်က မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က သူ့အနေ နဲ့ ဘယ်နိုင်ငံရေးသမားကိုမှ ဂရုမစိုက်ကြောင်း၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲ
တယ်ကွဟု ပြောဆိုသည့် အပြင်၊ နိုင်ငံရေးအရ အစိုးရကို ဆော်ကားရင်တွယ်မှာပဲ ဆိုပြီး ပြောဆိုခဲ့
ပါတယ်။

ဒါ့အပြင် ၀န်ကြီးဦးအုန်းမြင့်က “ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုခဲ့တဲ့ ၀န်ကြီးဦးအုန်းမြင့်ရဲ့ ပြောဆိုချက်တွေကို ပြည်သူတွေနဲ့  လွှတ်တော်အမတ်တွေက မကျေနပ်လို့  မိမိ၏ရြေိုင်းစိုင်းစွာ ပြောဆိုမှုအပေါ်တာဝန်ယူဖို့  တောင်းဆိုခဲ့ ပါတယ်။

ဒါပေမယ့် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ဦးအုန်းမြင့်ဘက်က ကာကွယ်ပြောဆိုခဲ့ပြီး ဦးအုန်းမြင့်
ရဲ့ ပြောစကား တွေနဲ့ ပတ်သက်လို့ အချိန်ယူ စိစစ်ပါမယ်လို့ လွှတ်တော်ကို ကတိပေးခဲ့ပါတယ်။“ ဝေဖန်မှုတွေထွက်ပေါ်နေတာ ကျနော်တို့အားလုံးသိပါတယ်။ မပြောသင့်တဲ့စာလုံးတွေလွန်လွန်ကျုးကျုး
ပါတာ မှန်ပါတယ်ဟု ၀န်ခံဂတိပေးထားပါတယ်။

ဦးသိန်းစိန်အစိုးရရဲ့  လုပ်ရပ်တွေဟာ ကိုလူကိုယ်မနိုင်ဘဲ ၀န်ကြီးတွေက ဗိုလ်ချုပ်ဆိုပြီးအာဏာတွေပြ ပြည်သူတွေကို လက်နက်နဲ့  ခြိမ်းခြောက် စစ်အာဏာရှင်စနစ်ကလို ပြည်သူတွေကို ဖိနှိပ်နေတာ ဆော်ကားအနိုင်ကျင့်နေတာ နိုင်ငံရေးသမားများနှင့်ပါတီတွေကို ဆော်ကားလာတာတွေကို အစိုးရမှထိရောက်စွာ အရေးယူခဲ့ခြင်းမရှိတာကြောင့် ပြည်သူများ အစိုးရအပေါ်စိတ်ပျက်နေကြပြီး တာဝန်ယူမှုမရှိတဲ့ အာဏာရှင်တပိုင်းအစိုးရကို ပို၍ပို၍ စိတ်ပျက်လာနေကြသည်ကို တွေ့ မြင်ရသည်။

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ဆိုရင်လည်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကို “ဘုန်းကြီးရူးနဲ့ လှေလူးလွှတ်တော်´´၊ “လွှတ်တော်ကိုယ်စားလှယ်ဆိုပြီး ၁၀တန်း
မအောင်ဘဲ လာထိုင်နေတယ်။ လယ်သမားတွေကို အကြွေးဆပ်နိုင်အောင် ထမင်းတနပ်လျှော့စားဖို့ ဦးမြင့်လှိုင်က တိုက်တွန်းစော်ကားခဲ့လို့ နံမည်ကြီးခဲ့ပါတယ်။

နိုင်ငံတော် သမ္မတအကြံပေး ဦးကိုကိုလှိုင်ကလည်း ၂၀၁၂ ခုနှစ်တုန်းက ရန်ကုန်မြို့က ပြည်သူအချို့ လျှပ်စစ်မီး မကြာခဏပျက်လို့ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်တဲ့အခါ “ လျှပ်စစ်မီး သက်သာအောင် မီးပိတ်ပြီး ဖယောင်းတိုင်ထွန်းနေကြ” လို့ ပြောခဲ့တဲ့အတွက်ပြည်သူတွေမကျေမနပ်ဖြစ်ကာ
ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတော် သမ္မတအကြံပေး ဦးရဲထွဋ် ဦးအုန်းမြင့်ကိစ္စက ပြောမယ်ဆိုရင် ဦးအုန်းမြင့်ရယ် အဲဒီရွာသား
တွေရယ် နဲ့ပဲဆိုင်ပါတယ် ဘေးကလူတွေ နဲ့ လုံးဝမဆိုင်ပါဘူး ၊အနေသာကြီးပါ ၊ အခုသမ္မကြီးက ဖြေရှင်းရေးနည်းလမ်းတွေကို ဦးအုန်းမြင့်ကို သင်ပြပေးလိုက်ပါပြီ ၊ အဒီရွာကိုသွားပြီး အလုပ်သဘော
တောင်းပန်လိုက်ရင်ပြီးသွားမှာပါ ၊ ဘေးကလူတွေက အိုးကမပူ စလောင်းကပူ ဝိုင်းမလုပ်ကြဖို့ပဲလို
ပါတယ် ၊ ဒါကို ပြန်ကြားရေးဝန်ကြီးကိုယ်တိုင်လည်း ရှင်းပြပြီးပါပြီ ၊ အားလုံးသဘောက်ပေါက်သင့်ပြီ
လို့ ပြောချင်ပါတယ်။

ရှေ့ ကဖြစ်ပွားခဲ့တဲ့ ပြည်သူတွေကို ရိုင်းစိုင်းစွာဆော်ကားမှုတွေကို အရေးယူဆောင်ရွက်ခဲ့ခြင်း
မရှိတာတွေ့ ရပြီး အစိုးရ၏ စစ်ဗိုလ်ချုပ်အခြင်းခြင်းအကာအကွယ်ပေးနေခြင်းအပေါ် ပြည်သူတွေ
အနေဖြင့် ပေါက်ကွဲနေကြပြီး စည်ကမ်းရှိသောဒီမိုကရေစီကိုဖော်ဆောင်၍ သန့် ရှင်းသောအစိုးရ၊ကောင်းမွန်သောအစိုးရဖြစ်အောင် ဖော်ဆောင်ပါမည်ဆိုတာဟာ ယခုလုပ်ရပ်တွေကိုကြည့်ခြင်းအာ
ဖြင့် ပြည်သူတွေက အစိုးရအပေါ်အယုံအကြည်မရှိဖြစ်နေကြသည်။

မြသိန်း