Wednesday, February 5, 2014

တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ အဖွဲ့ဝင်များနှင့် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့တို့
တွေ့ဆုံဆွေးနွေးပွဲ

၂၀၁၄-၂-၅
တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ အဖွဲ့ဝင်များနှင့် လူ့အခွင့်ရေးစောင့် ကြည့်ရေးအဖွဲ့တို့တွေ့ဆုံဆွေးနွေးပွဲကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့ ယနေ့ မွန်းလွဲ ၄ နာရီ ၃၀ မိနစ်က နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ Rule of Law ကော်မတီဆောင် I-12 တွင် ကျင်းပပြုလုပ်ရာ ကော်မတီ အဖွဲ့ဝင်များဖြစ် အတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော့်မင့်မောင်၊ပြည်သူ့လွှတ်တော်ကိုယ်
စားလှယ် ဒေါ်မိရင်ချမ်း၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြင့်သိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် တို့တက်ရောက်ဆွေးနွေးခဲ့ကြပြီး တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဖေကြိုင်မှ လေ့လာသူအဖြစ်တက်ရောက်ခဲ့သည်။