Wednesday, February 5, 2014

စစ်မှန်တဲ့ဒီမိုကရေစီစနစ် ပေါ်ထွန်းလာဖို့  ဦးဆောင်သူခေါင်းဆောင်များ ညီညွတ်ဖို့ လိုအပ်


၂၇.၁.၁၄ နေညနေ့ က စည်ပင်ဧည်ရိပ်သာသို့  ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
လွှတ်တော်ကိုယ်စားလှယ်များနှင့် ၈၈ (ပွင့်လင်းလူမှုအဖွဲ့ စည်း)မှ ခေါင်းဆောင်များနှင့် မြန်မာဒီမို
ကရေစီရှေ့ ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

မြန်မာဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် စစ်မှန်သောဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရေးသည်
အဓိကဖြစ်ပြီး လက်ရှိအခြေအနေအရ စစ်တပ်ကရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေအရ
ဦးသိန်းစိန်အစိုးရက ဖော်ဆောင်နေသော အာဏာရှင်တစ်ပိုင်းအစိုးရစနစ်ဖြင့် အုပ်ချုပ်လျှက်
ရှိပြီး ရှေ့ ဆက်ထိုအုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်နိုင်အောင် အခြေခံဥပဒေကို မပြင်ဆင်ဘဲ
စစ်ဗိုလ်ချုပ်တွေအုပ်ချုပ်တဲ့စနစ်ဟာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်မဟုတ်ပါဘူး။လက်ရှိစစ်ဗိုလ်
ချုပ် အစိုးရဟာ ပြည်သူတွေကိုအလေးမထားဘဲ ဗိုလ်ချုပ်အုန်းမြင့်၊ဦးရွှေမန်း၊ဦးဌေးဦး၊ဦးအောင်
သောင်း၊ဦးအောင်သိန်းလင်း၊ဦးအောင်ကြည်တို့ က အာဏာအလွဲသုံးစားလုပ်စားနေတာတွေ့ 
ရပါတယ်။အစိုးရဟာ မိမိတို့ ၏လုပ်ရပ်အပေါ် တာဝန်ယူမှုမရှိသောကြောင့် ပြည်သူလူထုက
ယုံကြည်မှုမရှိဖြစ်နေရပါတယ်။

ဦးရွှေမန်း၏ပြောစကားတွင်ယခင်အစိုးရက စေတနာထားပြီး ကောင်းအောင် ဘယ်လောက်လုပ်
လုပ် အမျိုးမျိုးပြောဆို ခံခဲ့ရတာတွေ ရှိတယ်။နောက်ဆုံး ယခင်အုပ်ချုပ်သူတွေရဲ့ ဘ၀လုံခြုံမှု
အပါအ၀င် အသက် အိုးအိမ်စည်းစိမ်နဲ့ လုံခြုံမှုတွေအတွက်ပါ စိတ်ချရမှုမရှိဘဲနဲတော့ သူသူကိုယ်
ကိုယ် ကိုယ့်ဆီမှာရှိတဲ့ အာဏာကို လွှဲပေးရဲမှာမဟုတ်ပါဘူး။ ဒီစာကားလေးက အင်မတန်မှ 
လေးနက်ပါတယ် ကျားသနားမှ နွားချမ်းသာမယ်ဆိုတဲ့သဘောဘဲ ဒါကိုသတိထားစေလိုပါတယ်။

စစ်မှန်တဲ့ဒီမိုကရေစီစနစ်ပေါ်ပေါက်လာဖို့  အများပြည်သူကို အကြိုးပြုမဲ့ စနစ်တခုထွန်းကား
လာရေးဟာ ခေါင်းဆောင်တွေအပေါ်မှာမူတည်နေပြီး စည်းလုံးညီညွတ်မှုကို ပြသရမှာဖြစ်တယ်။
ကြားစကားတွေကိုမယုံပဲ လက်တွဲလာတဲ့ဒီမိုကရေစီရဲဘော်ရဲဘက်အချင်းချင်း ကျောခြင်းကပ်
ထားဖို့ လိုတဲ့ အချိန်ကျရောက်နေပါပြီ ခေါင်းဆောင်ကောင်းတို့ မည်သည် တိုင်းပြည်နဲ့ ပြည်သူ့ 
အကြိုးကိုရှေ့ ရှု့ ရမှာဖြစ်သလို မိမိတို့ ရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်စနစ်ဆိုးကြီးကို ဖြုတ်ချနိုင်
မှသာ ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီစံနှုန်းနဲ့ လူ့ အခွင့်အရေး တိုင်းရင်းသားအခွင့်အရေးတွေ ရရှိနိုင်မည်ဖြစ်သည်။ ၂၀၁၅ မှာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ပေါ်ထွန်းလာဖို့  လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို ၀န်ရံကြပြီး ပြည်သူ့ အင်အားဖြင့် အာဏာရှင်စနစ်ကို တွန်းလှန်ကြ
ပါစို့ လို့  တိုက်တွန်းအပ်ပါသည်။

မြသိန်း