Tuesday, February 4, 2014

၈၈မျိုးဆက်များ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ


ယနေ့ ဖေဖော်ဝါရီလ ၄ ရက်၊ ညနေ ၄း၀၀ နာရီအချိန်က နေပြည်တော်ရှိ အမှတ်(၂) စည်ပင်ဧည့်
ဂေဟာ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ အဆောင်၊ အမှတ် ၂၇/၂ ပုဗ္ဗာသီရိမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၏ ဧည့်ခန်းမဆောင်တွင် ဒေါ်အောင်ဆန်း
စုကြည်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ပြုံးချို၊
 ဂျင်မီ နှင့် မြအေးတို့သည် မိနစ်လေးဆယ်ကြာ တွေ့ဆုံခဲ့ကြပြီး အနာဂတ် မြန်မာ့နိုင်ငံရေးရာများ
အတွက် ဆွေးနွေးခဲ့ကြသည်။
ယနေ့တွေ့ဆုံဆွေးနွေးမှုတွင် ယခုအချိန်သည် အသွင်ကူးပြောင်းရေးကာလ၏ အရေးကြီးသည့် အချိန်အခါကို ရောက်ရှိနေသဖြင့် ၂ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ယခင်ကထက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ကြရန် အဓိကထား ဆွေးနွေးခဲ့ကြသည်။
ယနေ့ဆွေးနွေးပွဲ၏ ရလာဒ်များကို ရှေ့လာမည့်ရက်သတ္တပတ်အတွင်း ပူးတွဲထုတ်ပြန်သွားမည်
 ဖြစ်သည်။