Tuesday, February 4, 2014

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြည်သူတွေအပေါ် ရိုင်းစိုင်းစွာဆက်ဆံမှု (ဗိုလ်ချုပ်) ၀န်ကြီးတစု ကာကွယ်ပြောကြား

၂၀၁၄-၂-၎
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြည်သူတွေအပေါ် ရိုင်းစိုင်းစွာဆက်ဆံမှု နှင့်ပါတ်သက်၍
 နိုင်ရေးခေါင်းဆောင်များနှင့် ပြည်သူများက မကျေမနပ်ဖြစ်နေကြပြီး ဥပဒေအရအရေးယူ
ဆောင်ရွက်ခြင်းမရှိသေးသော အစိုးရအပေါ် ပြည်သူများက သံတယရှိနေကြပြီး အစိုးရတရပ်၏ 
လုပ်ရပ်ကြောင့် ဆန္ဒပြမှုများကြီးထွားလာနိုင်သည်။မိမိ၏ ရိုင်းစိုင်းစွာလုပ်ရပ်အား ပြည်သူများအား
ဝန်ချတောင်ပန်ကာ အစိုးရ၏ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သောကြောင့် ရာထူးမှနှုတ်ထွက်သင့်
သည်။

ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း ပြောကြားချက်

“ယခင်အစိုးရက စေတနာထားပြီး ကောင်းအောင် ဘယ်လောက်လုပ်လုပ် အမျိုးမျိုးပြောဆို
 ခံခဲ့ရတာတွေ ရှိတယ်။နောက်ဆုံး ယခင်အုပ်ချုပ်သူတွေရဲ့ ဘ၀လုံခြုံမှုအပါအ၀င် အသက် အိုးအိမ်စည်းစိမ်နဲ့ လုံခြုံမှုတွေအတွက်ပါ စိတ်ချရမှုမရှိဘဲနဲတော့ သူသူကိုယ်ကိုယ် ကိုယ့်ဆီမှာ
ရှိတဲ့ အာဏာကို လွှဲပေးရဲမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း အဲဒီအာဏာကို လွှဲပေးခဲ့တယ်။



ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ပြောကြားချက်

 ဒါပေမယ့်လည်း သူရဲ့ ရည်ရွယ်ချက် ကျေးရွာလူထု လိုအပ်ချက်အတွက် အကူညီပေးဖို့ ဖြစ်တယ်လို့ ယူဆနိုင်ကြောင်း ၊ ဘာဖြစ်လို့လည်းဆိုရင် လမ်းဘေး လက်ဘက်ရည်ဆိုင် တစ်ဆိုင်က လူ ၁၅ ယောက်လောက်က ထွက်ပြီးတော့ ၀န်ကြိးရဲ့ ကားကိုတားတာ ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ကျေနပ်စွာရပ်ပေးပြီး ဘယ်ကလည်း ဘာလိုလည်း ဘာလုပ်ပေးရမလည်း မေးကြောင်း စတဲ့ စကားများ ကိုလည်း ကြားကြမှာ ဖြစ်ပါတယ် အကူအညီ မပေးချင်လို့ ရှိရင် ကားတောင် ရပ်ပေးစရာမလိုပါဘူး ။ စကားပြောဆို ကြတော့လည်း ရင်းရင်းနှီးနှီးပြောဆိုကြတာဖြစ်ကြောင်း ဒီဒေသမှာ ၅ နှစ်လောက် တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့တဲ့ လူတစ်ယောက်ရဲ့ စိတ်ခံစားဖြစ်ကြောင်း ၅ နှစ်လောက် တာဝန် ထမ်းခဲ့တဲ့အတွက် ရွှေမျိုးအရင်းခြာလို သဘောထားတာ ဖြစ်ကြောင်း ပြောဆိုတဲ့အခါမှာလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုကြောင်း ပြောရင်းဆိုရင်း သူရဲ့ ကိုယ်ပိုင်ခံစားချက်ကို လွပ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်အရ ပြောဆိုမိခဲ့တယ်လို့ ဒီလိုယူဆမယ်ဆိုရင် ယူဆလို့ ရနိုင်တဲ့ အနေအထား ရှိပါတယ်။

သမ္မတ အကြံပေးဝန်ကြီး ဦးရဲထွဋ်


ကျွန်တော့်အနေနဲ့ ၀န်ကြီးဦးအုန်းမြင့်ဟာ ကျေးလက်ဒေသဖွံ့ဖြိုးရေးအပေါ် စိတ်ရော ကိုယ်ပါ ဆောင် ရွက်နေတယ်လို့ အပြည့်အ၀ယုံကြည်ပါတယ်။ သူကိုယ်တိုင်ကလည်း ဒီလို ဘ၀မျိုးကို ခံစားဖြတ်သန်းခဲ့ ဖူးသူဖြစ်ပါတယ်။ 
လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး ပြောကြားချက်
နိုင်ငံရေးအရိပ်အရာမှန်သမျှကို အဓိပ္ပါယ်ဖွင့်ဆိုချက်လွဲတာပေါ့။အပြစ်ရှိရင်တော့ အပြစ်ရှိသလို သွားမှာ
ပေါ့၊ဥပဒေချိုးဖေါက်တယ်ဆိုရင်တော့ ဥပဒေနဲ့ အညီ တာဝန်  ဥပဒေနဲ့ အညီ ဆောင်ရွက်ရမှာပေါ့။
ဒီလိုပဲမြင်ပါတယ်။သူပြောတဲ့အဓိပ္ပါယ်လဲ ဒီလိုတော့မဟုတ်ဘူးလို့  ဒီလိုပဲယူဆပါတယ်။