Friday, February 21, 2014

ဒုတိယဗိုလ်မှူးကြီး စောရွှေ၏ အခြေခံဥပဒေအရ တပ်မတော် ပါဝင်နေရသည်ဟု ပြောဆိုခြင်းသည် အခြေခံဥပဒေကို ပြင်ဆင်နိုင်မှ လွှတ်တော်မှ ထွက်မည်ဟု ဆိုလိုခြင်းဖြစ်သည်

၂၀၁၄-၂-၂၁
 တပ်မတော်အနေဖြင့် ဒီမိုကရေစီ ဘောင်အတွင်း ပါဝင်နေခြင်းသည် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ အရဖြစ်၍ မလိုအပ်ပါက ပါဝင်တော့မည် မဟုတ်ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မူးကြီး စောရွှေက ယနေ့ဖေဖော်ဝါရီ(၂၀)ရက် လွှတ်တော်အတွင်း၌ သတင်းထောက်များနင့် တွေ့ ဆုံစဉ် ပြောသည်။

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မူ ကော်မတီသို ပေးပို့သည့် ကော်မတီ လုပ်ငန်းဆိုင်ရာ အခြေခံမူတွင် တပ်မတော်၏ လက်ရှိပါဝင်မူ အခန်းကဏ္ဍကို ဒီမိုကရေစီ ဘောင်အတွင်း ရောက်ရှိစေနိုင်သည့် နည်းလမ်းများကို လေ့လာသုံးသပ်ရန်ဆိုသည့် အချက်နှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမူအပေါ် ယင်းက ပြန်လည်ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ အမှန်တိုင်းပြောရရင်တော့ ဒါကျွန်တော်တို့ပါဝင်နေတယ်ဆိုတာကလဲ ဒါဖွဲ့စည်းပုံအခြေခံဥပဒေ        အရ ပါဝင်နေတာ။ မလိုဘူးဆိုတော့လည်း မပါဝင်ဘူးပေါ့၊ လိုအပ်လို့ပါဝင်နေတာပေါ့”ဟု ဒုတိယ
 ဗိုလ်မူးကြီး စောရွှေက ပြောသည်။

ထို ဒုတိယဗိုလ်မှူးကြီး စောရွှေ၏ ပြောဆိုချက်ကို အဓိပ္ပါယ်ကောက်ရမည်ဆိုလျှင် ၂၀၀၈ ဖွဲ့ စည်းပုံ
အရပါဝင်နေခြင်းဖြစ်ပြီး ၂၀၀၈ ဖွဲ့ စည်းပုံအရ တပ်တော်က အုပ်ချုပ်ရေးတွင် ပါဝင်မှု အခန်းကဏ္ဍ
ကို ပြင်ဆင်ခြင်း၊ဖျက်သိမ်းခြင်းများပြုလုပ်နိုင်မှ လွှတ်တော်တွင်းမှ ထွက်ပေးမည်ဟု ဆိုလိုခြင်းဖြစ်
ပြီး ပြည်သူ့ ဆန္ဒမဲမပါပဲ နေရာယူထားခြင်းကို ဖယ်ထုတ်နိုင်မည်ဖြစ်သည်။သို့ သော် ၂၀၀၈ ဖွဲ့ စည်းပုံ
အရ ပြင်ဆင်၊ဖျက်သိမ်းလိုပါက ၇၅ %ကျော်မဲရရှိမှ ဖျက်သိမ်းနိုင်မည်ဖြစ်ပြီး စစ်သားကိုယ်စားလှယ်
၂၅%ကို လွှတ်တော်မှ ဖျက်သိမ်းရန်တွက် စစ်သားကိုယ်စားလှယ် ၁ ဦးထက်ကျော်မှ ထောက်ခံမှဖျက်
သိမ်းနိုင်မည် ဖြစ်သောကြောင့် ခက်ခဲပေသည်။ထိုအချက်ကို သိရှိသော ဒုတိယဗိုလ်မှူးကြီး စောရွှေ
က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါဝင်နေခြင်းဖြစ်သည်ဟု ရဲဝင့်စွာပြောဆို  ခြင်းဖြစ်နိုင်သည်။

ထိုဖွဲ့ စည်းပုံသည် ဒီမိုကရေစီစံနှုန်းများနှင့်မကိုက်ညီပဲ၊အာဏာကို စစ်တပ်မှချုပ်ကိုင်ထားသောကြောင့်
 ခက်အခဲအမျိုးမျိုးနှင့်ရင်ဆိုင်နေရပြီး၊ပြည်သူ အများစုက၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို လိုလားကြသောလည်းပြင်ဆင်ရန်ခက်ခဲနေရခြင်းအပေါ် ထိုသို့ အခြေခံဥပဒေအရဟု ပြောဆိုခြင်း
ကြောင့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးတွင် ပြဿနာကို ပို၍အခက် အခဲဖြစ်စေသည်။ပြည်သူ့ ဆန္ဒဖြင့်ရွေးချယ်တင်မြှောက်ခြင်းမဟုတ်သော တပ်မတော်သားများအဖို့  ပြည်သူများကလက်ခံခြင်း မရှိသည်ကို သိသိနှင့် ယခုလို အခြေခံဥပဒေအရဟု ပြောဆိုခြင်းသည် ပြည်သူအများစု၏ ဆန္ဒကို မျက်ကွယ်ပြုခြင်းဖြစ်သည်။တကယ်ဖြစ်သင့်သည်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက်
ပါဝင်နေရပြီး ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီ၍ မပါဝင်သင့်ဟု ဆုံးဖြတ်ပါကပါဝင်တော့မည်မ
ဟုတ်ဟု ပြောဆိုသင့်သည်။ နိုင်ငံရေးတွင် စစ်ရေးအမြင်တစ်ခုတည်းဖြင့် အုပ်ချုပ်၍မရ အပြောအဆို
များ ပြည်သူ့ အပေါ်ဆက်ဆံမှုများ ယဉ်ကျေးစွာသုံးနှုန်းသင့်သည်။လက်ရှိဖြစ်ပေါ်နေသော ဗိုလ်ချုပ်
ဝန်ကြီးတစ်ချို့ ၏ ရိုင်းစိုင်းမောက်မာစွာ ပြည်သူများအပေါ်ဆက်ဆံခဲ့၍ အစိုးရအား ပြည်တွင်းနှင့် နိုင်ငံတကာ အလယ်တွင် အရှက်ရစေခဲ့သည်။ ထို့ ကြောင့် နိုင်ငံရေးကျွမ်းကျင်မှုမရှိသည်မှာ ထင်ရှားနေသည် စစ်ရေးအမြင်တခုတည်းနဲ့  နိုင်ငံကိုအုပ်ချုပ်၍မရ။စစ်တပ်အနေဖြင့် မိမိတို့ 
ကျွမ်းကျင်ရာ ကာကွယ်ရေးကို ပို၍အလေးထား သင့်သည်။ ယခုလို အခြေခံဥပဒေအရဟုဆိုသော
ကြောင့် ၂၅ %နှုန်ပါဝင်မှုကိုပို၍ စိုးရိမ် သံတယများဖြစ်ပေါ်စေ၍ အပြောအဆို အသုံးအနှုန်းများကို ဆင်ခြင်သင့် သည်။

လက်ရှိဥပဒေအရ ပြင်ဆင်ရန်အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်တွင် တပ်မတော်သားများအနေဖြင့် ပြည်သူ့ ဘက်မှရပ်တည်ပြီးအခက်အခဲများကို ပြည်သူ့ ဆန္ဒနှင့်အညီ ဖေါ်ဆောင်နိုင်ရေး အားပေး ကူညီရမည့်အစား အခုလိုပိုမိုခက်ခဲသော အသွင်ဆောင်သည့် လုပ်ရပ်မျိုးမဖြစ်သင့်ပေ။တပ်မတော်
သည် ကာကွယ်ရေးတွင်အပြည့်အ၀ တာဝန်ယူရန်အချိန်ကျရောက်နေပြီဖြစ်သောကြောင့် အုပ်ချုပ်ရေးပိုင်းတွင် အာဏာချုပ်ကိုင်မှုများကို လျော့ချ၍ ဒီမိုကရေစီပြုပြင်ပြောင်လဲရေးအတွက် အင်အားဖြစ်စေမည့်  အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သင့်ပေသည်။