Friday, February 21, 2014

တပ်သိမ်း လယ်ယာမြေများ စွန့် လွှတ်ပြီး ပြည်သူများအား ဖြေရှင်းပေးရမည်ဟု ဥက္ကဌ ဦးရွှေမန်း ပြောကြား

၂၀၁၄-၂-၂၁
ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ လာမယ့် စက်တင်ဘာလကုန် နောက်ဆုံးထားပြီး လယ်ယာမြေ ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ရမယ်လို့ ပြည်ထောင်စု လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါ
တယ်။

အဲဒီလို လယ်ယာမြေ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူးဆိုရင် ပြည်သူတွေက အုပ်ချုပ်ရေး၊ ဥပဒေ
ပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေအပေါ်မှာ ယုံကြည်မှု အားနည်းသွားနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက မနေ့ က သတိပေးပြောကြားလိုက်ပါတယ်။

လယ်ယာမြေ မတရားသိမ်းယူခံထားရသူတွေအနေနဲ့  တပ်သိမ်း လယ်ယာမြေ မိမိတို့  သိမ်းခံထားရ
မှုများကို အထောက်အထားနှင့်တကွ တိုင်းဒေသကြီး အစိုးရအဖွဲ့က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန
သို့   ပြန်လည်တောင်းခံပါက ပြန်ပေးမည်။  တပ်မတော်က သိမ်းယူထားသည့် ပုဂ္ဂလိကပိုင် လယ်ယာမြေများအနက် လယ်ယာမြေ ဧကသုံးထောင်ကျော်ကို တပ်မတော်က ပြန်လည် စွန့်လွှတ်မည်
ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အကြောင်းကြားလာပြီး ယင်းမြေများကို အသိမ်းခံခဲ့ရသည့် မူလမြေ
ပိုင်ရှင်များထံ ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး မွေးမြူရေးနှင့် စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်သန်းက ပြောဆိုထားခဲ့သည်။ထိုကြောင့် မြေပိုင်ရှင်များ မိမိတို့ မြေများ ပြန်လည်ရရှိအောင် တင်ပြတာင်းဆိုကြရန် လိုအပ်ပေသည်။