Thursday, January 2, 2014

ကျဆုံးနိုင်ငံရေးအကျဉ်းသားများအား ဂုဏ်ပြုပွဲအခမ်းအနား


ကျဆုံးနိုင်ငံရေးအကျဉ်းသားများအားဂုဏ်ပြုပွဲကို ယနေ့ ၂-၁-၂၀၁၄ နေ့ ၁ နာရီတွင် တော်ဝင်နှင်းဆီ၊ သီရိခန်းမ၌ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့မှပူးပေါင်း၍ ကျဆုံးအကျဉ်းသားများ၏မိသားစုဝင်များကို ဂုဏ်ပြုလက်မှတ်နှင့်တကွ ထောက်ပံ့ငွေကျပ် ၁၀ သိန်းစီပေးအပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဦးတင်ဦး၊ ဦးဝင်းတင်နှင့်လွှတ်တော်အမတ်များ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှဦးခွန်ထွန်းဦး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်၊ ၀ါရင့်နိုင်ငံရေးသမား ဖြစ်သောဦးသာဘန်း၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဋ္ဌေးကြွယ်၊တို့နှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်တို့ပါတက်ရောက်ခဲ့ပါသည်။