Thursday, January 30, 2014

ဖွဲ့ စည်ပုံအခြေခံဥပဒေနှင့် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်နိုင်မှ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်မည်

၂၀၁၄-၁-၃၀
၁၉၄၇ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ အခန်း ၅
၄၉၊၊ (က) မိမိကိုယ်တိုင်သော်‚၊မိမိ၏ မိဘနှစ်ပါးသော်၊ ပြည်ထောင်စုနိုင်ငံတော်၏
အာဏာပိုင်နက်အတွင်း၌ မွေးဖွားခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်
သော ထိုအပြင် 
(ခ) ပါလီမာန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံနိုင်သည့်အရည်အချင်းနှင့်
ပြည့်စုံသောလည်းဖြစ်သော ပုဂ္ဂိုလ်မျိုးမဟုတ်လျှင် မည်သူမျှ နိုင်ငံတော်သမ္မတ
ရာထူးအတွက် ရွေးကောက်ခြင်းခံနိုင်ခွင့် မရှိစေရ၊၊

၁၉၇၄ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ
၁၇၇၊၊ (က) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူဖြစ်ရမည်၊၊

၂ဝဝ၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ (အာဏာရှင်တို့ ရေးဆွဲခဲ့သည် )
၅၉၊၊ (စ) မိမိကိုယ်တိုင်သော်‚၊မိမိ၏ မိဘတစ်ပါးပါးသော်‚၊ မိမိ၏ ဇနီး(သို့ ) ခင်ပွန်းသော်၊
မိမိ၏တရားဝင်သားသမီး တစ်ဦးဦးသော်‚၊ ထိုတရားဝင် သားသမီး၏ ဇနီး(သို့ )
ခင်ပွန်းသော်‚၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက် ရိုသေသူ
(သို့ )နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ (သို့ )တိုင်းတပါး နိုင်ငံ၏ နိုင်ငံ
သာ ဖြစ်သူများ မဖြစ်စေရ၊၊

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတောင်းဆိုနေရခြင်းသည် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် ဒေါ်အောင်ဆန်းစုကြည် တမ္မတ ဖြစ်ရေးတခုတည်းမဟုတ်ဖွဲ့ စည်းပုံအခြေခံဥပဒေသည် နိုင်ငံတနိုင်ငံ၏ အသက်သွေးကြောဖြစ်သောကြောင့် အရေးကြီးသည်။ နိုင်ငံတကာဒီမိုကရေစီစံနှုန်းနှင့်မညီညွတ်သည့် အပြင် လူသားတို့ ရပိုင်ခွင့်ဖြစ်သည့် မှုလအခွင့်အရေးများ ချိုးဖေါက်ခံနေရပြီး တိုင်းရင်သားများ၏ တန်းတူရည်တူအခွင့်ရေးများဆုံးရုံးနေရကာ အလုပ်သမား လယ်သမား ကျောင်းသာ ရဟန်ရှင် လူပြည်သူများ၏ လူ့ အခွင့်အရေးများလည်း ဆုံးရှုံးနေရသည်။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေသည်
စစ်တပ်က ၁၄ နှစ်ကြာအချိန်ယူပြီး အာဏာရှင်စနစ်သက်စိုးရှည်အောင် တဖက်သတ်ရေးဆွဲခဲ့သော
ကြောင့် ဒီမိုကရေစီစနစ်ပြုပြင်ပြောင်းလဲရေးမှာ အဟန့် အတားတစ်ခုဖြစ်နေရသည်။ ဖွဲ့ စည်ပုံအခြေခံ ဥပဒေ ခိုင်မာမှုမရှိ ဥပဒေစိုးမိုးမှုမရှိသောကြောင့် နိုင်ငံတကာမှလည်း ထောက်ပြပြောဆိုနေကြသည်။

ပုဒ်မ ၅၉ (စ)ကိုပြင်ဆင်လျှင် အန္တရယ်ရှိလိမ့်မည်ဟု ပြောဆိုနေကြခြင်းသည်။အာဏာရှင်များ ဆက်
လက်အုပ်ချုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။စစ်အာဏာရှင်တို့ သည် ၂၀၀၈ အခြေခံဥပဒေကို အလွန်
အမင်း တင်းကျပ်စွာရေးဆွဲထားပြီး ပြည်သူများ၏ ရသင့်ရထိုက်သောအခွင့်အရေးများ ဆုံးရှုံးနေရပြီး တရားဥပဒေစိုးမိုမှုမရှိသောကြောင့် တရာဥပဒေ၏ အကာ အကွယ်ကို မရရှိဘဲ စစ်အာဏာရှင်တို့ ၏ အနိုင်ကျင့်မှုများခံနေကြရသည်။ထိုကြောင့် စစ်မှန်သော ဒီမိုကရေစီအစိုးရတရပ်ပေါ်ထွန်းလာရေး
အတွက် ပြည်သူလူထုဘက်မှရပ်တည်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမြို့ မြို့ အနယ်နယ်မှတိုင်းရင်းသားပြည်သူများက NLD၏ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို အားပေး
ထောက်ခံလျှက်ရှိကြသည်။နှစ်ပေါင်းများစွာ စစ်အာဏာရှင်တို့ ၏ ဖိနှိပ့်မှုကိုခံစားနေကြရပြီး ဒီမိုက
ရေစီပြုပြင်ပြောင်လဲရေးကာလတွင်လည်း စစ်တပ်ကမတရားသိမ်းဆည်းထားသော လယ်ယာမြေ
 ပြဿနာများ၊အိမ်ခြံမြေပြဿနာများ၊အလုပ်သမားပြဿနာများ၊စီမံကိန်းပြဿနာများကို ဘာသာရေး လူမျိုးရေးပြဿနာများကို ဖြေလည်အောင်ဖြေရှင်းပေးခြင်းမရှိဘဲ မိမိတို့ ဆက်လက်အုပ်ချုပ်ရေးကိုသာ ဦးစားပေး၍ ပြည်သူတွေကို သွေးထိုးလှုံ့ ဆော်မှုများပြုလုပ်နေကြသည်။

လက်ရှိအစိုးရသည် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သော ခေါင်းဆောင်များဖြစ်ကြပြီး အစိုးရအဖွဲ့ တွင် 
ဗိုလ်ချုပ်ဟောင်းကြီးများကြီးစိုးနေကာ တိုင်းဒေသအုပ်ချုပ်ရေးများတွင် စစ်တပ်ထွက်များ ၉၀ရာခိုင်နှုန်း
နေရာယူထားသည်။ ထိုစနစ်ကို အရပ်သားအုပ်ချုပ်ရေးစနစ်လို့ မခေါ်ဆိုနိုင်သလို ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်လို့ မရနိုင်ပေ။စစ်တပ်မှ ဗိုလ်ချုပ်ကြီးများက အဆင့်ဆင့် နေရာယူပြောင်းလဲအုပ်ချုပ်လာသည်
ကိုကြည့်ခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြုရေး အုပ်ချုပ်ရေး တရားစီရင်ရေးစသည်တို့ ကို သမ္မတ
မှ တာဝန်ယူသည်။ ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးပြည်တည်းရေး နယ်စပ်ရေးရာ စသည်တို့ 
ကို ယူထားသည်။ လွှတ်တော်ဥက္ကဌ များကိုလည်း အမျိုးသားလွှတ်တော် ဥက္ကဌ သူရရွှေမန်း စသည်ဖြင့် ဗိုလ်ချုပ်ရာထူးမှနုတ်ထွက်ကာ အစိုးရအဖွဲ့ အစည်းများတွင် နေရာယူလုပ်ဆောင်နေကြသည်ကိုေ
တွ့ မြင်ရသည့်အပြင် အနာဂတ်မှာလည်း ဆက်လက်အုပ်ချုပ်နိုင်ရေးအတွက်ကြိုးစားနေကြသည်။
ပြည်သူများအား အာဏာရှင်တို့ ၏ နိုင်ငံရေးရွှေ့ ခွက်ထဲသို့ ဆွဲခေါ်နေပြီး ပုဒ်မ ၅၉ (စ)ကို ပြင်ရင် အန္တရှိသရောင်ပြောဆိုနေကြသည်။ဦးနုလက်ထက်ထဲက ဘင်င်္ဂလီတွေကို အသိအမှတ်ပြုခဲ့ပြီး
ဦးနေ၀င်းအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံသားပေးခဲ့ကာ ဦးစောမောင် အာဏာသိမ်းပြီးနောက်ပိုင်း ဦးသန်းရွှေ လက်ထက်တွင် လဒ်စား၍ နိုင်ငံသားယာယီကပ်များထုတ်ပေးခဲ့ပြီး ဦးသိန်းစိန် လက်ထက်
တွင် နိုင်ငံသားများအဖြစ်အသိအမှတ်ပြုခဲ့သည်။ ထိုကြောင့် ရခိုင်ပြည်နယ်မှာ ဘင်င်္ဂလီ ၉၅ ရာနှုန်း
လောက်ဖြစ်သွားပြီး ဘင်္ဂလီများ ရန်ကုန်မြို့ အထိ ကြီးစိုးလာကြသည်။ကချင်ပြည်နယ်မှာ တရုတ်လူမျိုး
များအား အာဏာရှင်အစိုးရအဆက်ဆက်  လဒ်စား၍ ယာယီနိုင်ငံသားကပ်များထုတ်ပေးခဲ့မှုကြောင့် 
မန္တလေးအထိ တရုတ်များကြီးစိုးလာကြသည်။မြန်မာပြည်အနှံ တရုတ် ကုလား ပြသနာများ ပြည်သူပိုင်
သိမ်းမှုများ အထိကရုံးများဖြစ်ပေါ်ခဲ့သည်။လက်ရှိအစိုးရသည် ဘင်င်္ဂလီအများစုမှ မဲရရှိရေးအတွက်
နိုင်ငံသားပေးကာ မှတ်ပုံတင်များထုတ်ပေးခဲ့ကာ ပါတီဝင်အဖြစ်အသိအမှတ်ပြုခဲ့သောကြောင့် လွှတ်
တော်အမတ်များ ဖြစ်နေကြပြီး နိုင်ငံရေးပါတီကြီး ၂ ခုထူထောင်ထားသည်။လက်ရှိအုပ်ချုပ်သူတွေရဲ့  လုပ်ရပ်ကြောင့် တိုင်းပြည်ဟာ အန္တရယ်ထဲကျရောက်ခဲ့ပြီး မနဲလွတ်မြောက်အောင် နှစ်ပေါင်း ၅၀
 ကျော် တိုက်ပွဲဝင်ခဲ့ရသည်။ တိုင်းတပါးကခိုးဝင်လာသူတွေကို နိုင်ငံသားပေးတာ ပါတီတွေတောင်
ထောင်နေကြတာဟာ လက်ရှိ အုပ်ချုပ်သူတွေလုပ်ခဲ့တဲ့ ပြဿနာတွေဖြစ်တယ်။ အခုကြမှ အမျိုးသား
ရေး အန္တရယ် ရှိတယ်တဲ့လား တိုင်းပြည်ရဲ့ သယံဇတတွေလည်း အကုန်ယူခဲ့တယ် စည်ဇိမ်ဥစ္စာနဲ့ 
နိုင်ငံမှာ ခေတ်ပျက်သူဌေးတွေလုပ်နေကြပြီး  တိုင်းပြည်ကိုလည်းအဆင်းရဲဆုံးနိုင်ငံ ဖြစ်အာင်
လုပ်ခဲ့တယ်၊အမျိုးသားရေး သစ္စာဖေါက်ဟာ လက်ရှိအစိုးရဖြစ်တယ်။ ကိုယ်မွေးခဲ့တဲ့ မီးကို လက်သယ်ရှာနေသေးတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာအာဏာမှလည်းမရသေးဘူး
နိုင်ငံရေးမှာလည်း ရိုးသားစွာဖြင့် ပေးဆပ်မှုတွေရှိခဲ့ပြီး တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက်
စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဖေါ်ဆောင်ဖို့  ကြိုးစားနေသူဖြစ်ပါတယ်။ 

ပုဒ်မ ၅၉ (စ)ကို မပြင်ဆင်ရင် ပြည်သူကအားထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ဖို့  ရရှိမှာမဟုတ်တဲ့အတွက် ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ဖို့ နဲ့  
ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပြည်သူ့ အင်အားနဲ့  ပြင်ဆင်ဖို့ ကြိုးစားနေခြင်းဖြစ်ပါတယ်။အခြေခံဥပဒေသည်ခေတ်နှင့် မကိုက်ညီလျှင် အချိန်မရွေး ပြုလွယ်ပြင်လွယ်ရှိရမည်။

နိုင်ငံတကာနဲ့ ပြည်သူအများလေးစာတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား
ရှိနေစဉ် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်ကြရမှာဖြစ်သလို နိုင်ငံတကာ၏ ထောက်ခံအားပေးမှု ရရှိနေချိန်မှာ အချိန်နဲ့ တပြေးညီလုပ်ဆောင်ကြရမည်။
 နောက်ပိုင်းတွင် အခြေနေအမျိုးမျိုးပြောင်းလဲသွားပါက စစ်တပ်အုပ်ချုပ်သည့် ဒီမိုကရေစီဖြစ်သွား
နိုင်သည်။ယခုနှစ်ပေါင်း ၅၀ကျော် အာဏာရှင်စနစ်အောက် ဒုက္ခပင်လယ်ဝေခဲ့ရပြီး စစ်တပ်အုပ်ချုပ်တဲ့ ဒီမိုကရေစီအောက်မှာ နောက်ထပ် နှစ်၅၀ တောင်ကျွတ်မယ် မထင်ဘူး။အချိန်အခါနှင့် အခြေအနေ ပေးတဲ့အခါမှာ အမိအရယူပြီး အာဏာရှင်စနစ်ကို တိုက်ပျက်ပစ်ကြဖို့ နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်မှ တိုင်းပြည်ငြိမ်းချမ်းပြီး ဖွင့်ဖြိုးတိုးတက်နိုင် မည်ဖြစ်ကြောင်း လေးလေးနက်နက် စဉ်စားဆုံးဖြတ်ကြဖို့  တိုက်တွန်းအပ်ပါသည်။

မြသိန်း