Thursday, January 30, 2014

၂၀၁၅ ရွေးကောက်ပွဲ ဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူး


၂၀၁၄-၁-၃၀
(နိုင်ငံသားအားလုံးကိုသမ္မတရာထူးအတွက်ယှဉ်ပြိုင်ခွင့်ပေးတဲ့ပြင်ဆင်ချက်မရှိပဲ)

နိုင်ငံသူနိုင်ငံသားအားလုံးကို သမ္မတ ရာထူးအတွက် ယှဉ်ပြိုင်ခွင့်ပေးတဲ့ပြင်ဆင်ချက်မရှိပဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့
ဗြိတိန်နိုင်ငံ အာရှဆိုင်ရာနိုင်ငံခြားရေး ဝန်ကြီး Hugo Swire ဟာ ဗြိတိန်သံရုံးမှာ ပြုလုပ်တဲ့ စာနယ်ဇင်းများနဲ့ တွေ့ဆုံပွဲမှာပြောပါတယ်။

နိုင်ငံရေးအရ အပြန်အလှန်ဆွေးနွေးပွဲတွေအတွက် နည်းပညာအထောက်အပံ ဘဏ္ဍာရေး အထောက်အပံတွေ ထပ်မံပေးအပ်သွားဖို့ ဗြိတိန်က အသင့်ရှိနေပြီလို့လည်း သူကဆိုပါတယ်။ ဗြိတိန်နို်င်ငံက မြန်မာနို်င်ငံတွက် နှစ်စဉ်ကူညီထောက်ပံမှုအသုံးစရိတ်ကို ဒေါ်လာ သန်းတရာထိ ထပ်မံတိုးမြှင့်ထားပါတယ်။

သတင်းဓာတ်ပုံ - ယမင်းဦး (DVB)