Wednesday, January 8, 2014

မိုင်းဖုန်းဆရာတော် မှ ထိုင်းနိုင်ငံ၌ ခေတ္တ သီတင်းသုံးရန် ကြွမြန်း

၂၀၁၄-၁-၈
မိုင်းဖုန်းဆရာတော်ဘုရားသည် ယနေ့ ၈.၁.၂၀၁၄ မွန်းလွဲ(၁)နာရီခွဲ အချိန်ခန့်က တာချီလိတ်မြို့ရှိ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ တဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ခေတ္တ သီတင်းသုံးရန်အတွက် ကြွရောက်တော်မှုရာ သီတင်းသုံးမည့် သတ်မှတ်ကာလအား မည်မျှကြာမြင့်မည်ဖြစ်ကြောင်း မသိရှိ ရသေးသော်လည်း (၂)လမျှ ကြာမြင့်နိုင်ဖွယ်ရှိကြောင်းကို အများ၏ ပြောဆိုချက်အရ သိရှိရသည်။


Photo: ဦးထွန်း