Thursday, January 16, 2014

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ်ခရီးစဉ်

၂၀၁၄-၁-၁၆
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၁၈၊ ၁၊၂၀၁၄ ရက်နေ့တွင် ကရင်ပြည်နယ် ဖားအံမြို့၌ ကျင်းပမည့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒရယူပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်ပါသည်။
၁၈၊၁၊၂၀၁၄ ရက်နေ့နံနက်တွင် နေပြည်တော်နေအိမ်မှ ကားဖြင့်ထွက်ခွါပြီး ကျိုက်ထိုမြို့တွင်
နေ့လည်စာ စားသုံးကာ ညနေ ၄:၃၀ နာရီတွင် ကရင်ပြည်နယ် ဖားအံမြို့ အောင်သံလွင်
ဘောလုံးကွင်းတွင်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာလူထုဆန္ဒရယူပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားပါမည်။ ယင်းနေ့တွင် ဖားအံမြို့တွင် ညအိပ်ရပ်နားမည်ဖြစ်ပါသည်။
ထို့နောက် ၁၉၊၁၊၂၀၁၄ ရက်နေ့ နံနက်တွင် ဖားအံမြို့မှ လှိုင်းဘွဲ့မြို့ ကပ္ပလီကျေးရွာသို့ သွားရောက်
ကာ လူထုဟောပြောပွဲ ကျင်းပမည်ဖြစ်ပါသည်။ ဟောပြောပွဲပြီးဆုံးလျှင် ဖားအံမြို့သို့ ပြန်လည်ထွက်ခွါမည်ဖြစ်ပြီး ယင်းမှတဆင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွါမည် ဖြစ်ကြောင်း သတင်းမီဒီယာဌာနများအား လေးစားစွာ အသိပေးအပ်ပါသည်။