Thursday, January 16, 2014

အာဇာနည်ကုန်းတွင် ကိုရီယားနိုင်ငံမှ ကျဆုံးသူများအား အထိမ်းအမှတ်ကျောက်တိုင်ဆိုက်ထူမည့် အစီအစဉ်သည် ဆွေးနွေးမှု ပွင့်လင်းမြင်သာမှုဖြင့် နိုင်ငံသူနိုင်ငံသားများအား အသိပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဇန်န၀ါရီလ ၁၄ ရက်နေ့ က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး ကော်မတီဆောင်တွင် ဥက္ကဌ ဒေါ်အောင်ဆန်း
စုကြည်မှ မီဒီယာများနှင့်တွေ့ဆုံရာ အာဇာနည်ကုန်းတွင် ကိုရီယားနိုင်ငံမှ ကျဆုံးသူများနှင့် ပတ်သက်၍ အထိမ်းအမှတ်ကျောက်တိုင်လာရောက်ဆိုက်ထူမည့်အကြောင်းရင်းနှင့် ပတ်သက်ပြီး မီဒီယာများမှမေးမြန်းရာ ဥက္ကဌမှဖြေကြားရာတွင် ယင်းအား မိမိကြား၍ မေးထားပါသည်။မည်သို့ သော ပုံစံဖြင့် မည်သည့်နေရာတွင် မည်သည်တို့ လုပ်ဆောင်ရန် အစီအစဉ်ရှိသည်ကို မေးထားပါသည်။ယင်းကိုလည်း မသိပါ။မသိ၍ ဖြေရခက်ပါသည်။၎င်းတို့ ဘက်ကိုလည်း နားလည်ပါသည်။၎င်းတို့ ခေါင်းဆောင်တင်မက သာမန်ပြည်သူများ ကျဆုံးသွားသည့်နေရာဖြစ်၍ အထိမ်းအမှတ် တစ်ခုခု လုပ်ချင်သည်ကိုလည်း မိမိနားလည်ပါသည်။သို့ သော် မိမိတို့ ပြည်သူများဘက်ကလည်း အထိမ်းအမှတ်တစ်ခုကို သဘောတူသော်လည်း အာဇာနည်းကုန်းတွင် သဘောမတူကြောင်းကို သဘောမတူဘဲ အာဇာနည်ကုန်းသည် နိုင်ငံ၏
 နိုင်ငံသူ/နိုင်ငံသား အာဇာနည်များ အတွက်သာ ဖြစ်သင့်သည်ဟု ပြောသည့် ပုဂ္ဂိုလ်များလည်း ရှိပါသည်။ယင်းကို နစ်ဖက်စလုံးအတွက် မျှတအောင် အဖြေတစ်ခု ရှာရမည်။၎င်းတို့ အထိမ်းအမှတ်လုပ်ချင်သည်ဆိုခြင်းကို မိမိကန့် ကွက်စရာ
 မရှိပါ။မည်သည့်နေရာတွင် မည်ကဲ့သို့ ပုံစံဖြင့် လုပ်မည်ဆိုသည်ကို နစ်ဦးနစ်ဖက်မှ လက်ခံနိုင်ရန်မှာ သိပ်အရေးကြီးသည်ဟု ထင်မြင်ပါသည်။နစ်ဦးနစ်ဖက် ဆိုသည်မှာ အစိုးရကို ပြောခြင်းမဟုတ်ဘဲ မိမိတို့ ပြည်သူများက လက်ခံရမည်။၎င်းတို့ ပြည်သူများကလည်း လက်ခံရမည်။ပြည်သူနစ်ဦးကြားတွင် ယင်းသည် သင့်တော်သည်ဆို၍ လက်ခံနိုင်သည်ဆိုသည့် အခြေအနေမျိုး ဖြစ်စေချင်သည်။ စသည်ဖြင့်ဖြေကြားခဲ့သည်။