Wednesday, January 22, 2014

ဒေါ်အောင်ဆန်းစုကြည်အား ဘားအံ့ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဖိတ်ကြားမည်

၂၀၁၄-၁-၂၂
ဘားအံ့၌ပြုလုပ်မည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမည်ဟု NCCT(တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့)ဥက္ကဌ ဦးနိုင်ဟံသာကပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့၏ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုဖေဖော်ဝါရီလ၂၀ရက်နေ့နောက်ပိုင်း ဘားအံ့၌ ပြူလုပ်သွားမည်ဟုခန့်မှန်းထားသည်။

သို့သော်တိုင်းရင်းသားများတွေ့ဆုံဆွေးနွေးမှုပြီးပြတ်မှသာအစိုးရနှင့်ဘားအံ့၌တွေ့ဆုံနိုင်မည်ဖြစ်ပြီး ပြီးပြတ်မှုမရှိပါကတိုင်းရင်းသားညီလာခံတစ်ခုလည်းထပ်မံပေါ်ပေါက်လာလိမ်မည်ဟုနိုင်ဟံသာကပြော
သည်။

ဒေါ်အောင်ဆန်းဆုကြည်ကမူငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌သူမအားတရားဝင်ဖိတ်ကြားမှုယနေ့ထိမရှိ
သေးကြောင်း သူမပါဝင်ရန်ဖိတ်ကြားလာပါက ငြင်းဆန်ရန်ရှိမည်မဟုတ်ကြောင်း တရားဝင်ပြောကြား
ထားသည်။