Thursday, December 26, 2013

၂၀၀၈ ဖွဲ့ စည်ပုံအခြေခံဥပဒေပြင်ဆင်ဖို့  လက်ရှိအစိုးရရဲ့  ညစ်လုံးတွေစတင်လာ


၂၀၁၃-၁၂-၂၆
ကြံခိုင်ဖွင့်ဖြိုးရေးပါတီ ဦးအောင်သိန်းလင်းက ဒေါ်အောင်ဆန်းစုကြည်ကို အတားအဆီး ဖြစ်နေတဲ့ ပုဒ်မ မပြင်ဖို့ အကြံပြုစာ ၅၀၀၀၀ ရတယ်လို့ ပြောဆိုလိုက်ပါတယ်။ နောက်ပြီး ၁၂ လပိုင်းနောက် ဆုံးထား အကြံပြုစာတွေကို လက်ခံမယ်လို့  သိထားရပါတယ်။ ဒါဟာတမင် သက်သက် ညှစ်လုံး ဆင်ထား တာသေချာပါတယ်။သူတို့ ပါတီကဒီသတင်းကိုသိထားပြီး လွင့်လိုက်တယ် နောက် ၅ ရက်လောက်မှာ လက်ခံတာတွေပိတ်သွားမှာဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေဟာ စစ်တပ်ကမတရားရေးဆွဲခဲ့ပြီး ဥပဒေတွေဟာ ရှေ့ နောက်မညီညွတ်ပဲ 
လူ့ အခွင့်အရေး ဒီမိုကရေစီစံနှုန်း နိုင်ငံသားများရသင့်ရထိုက်တဲ့ အခွင့်အရေးတွေဆုံးရှုံးနေပြီး တရားဥပဒေစိုးမိုးရေး မရှိတာကြောင့် တိုင်းရင်းသားပြည်သူတွေ အသက်အိုးအိမ် စည်းစိမ်ကို မကာကွယ်ပေးနိုင်သည့်အပြင် မတရားတဲ့ဥပဒေတွေနဲ့  စစ်တပ်ကိုလက်ကိုင်ဒုတ်လုပ်ပြီး
 ပြည်သူတွေကို ညှင်းပမ်းနိုပ်စက်နေတာကြောင့် ၂၀၀၈ ဥပဒေကိုမဖြစ်မနေပြင်ဆင်ဖို့  ပြည်သူတွေက တောင်းဆိုနေကြတာဖြစ်ပါတယ်။

ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ လူတစ်ဦးတယောက်ကို ရည်ရွယ်ပြီး ရေးဆွဲထားဒါမျိုးမဖြစ်သင့်ပါ။ ပြန်လည်ပြင်ဆင်ပေးပြီး ခေတ်နှင့်ကိုက်ညီသော ဥပဒေများဖြစ်အောင် ပြုလွယ်ပြင်လွယ် ဖြစ်ရမည်။ အချိန်အခါနှင့် လိုက်ပြီးနိုင်ငံတိုင်းမှာ ပြင်ဆင်တာတွေရှိပါတယ်။ ပြင်ဆင်တဲ့နေရာမှာ နိုင်ငံတော်နှင့် ကိုက်ညီအောင် နိုင်ငံသားဥပဒေတွေမှာလည်း ဆင်ခြင်သုံးသပ်ပြီး ထိမ်းသိမ်း ကာကွယ်ထားရမည်။သမ္မတဖြစ်ခွင့်သည် ပြည်သူအများစု၏ ထောက်ခံမှုကို မရရှိပဲ သမ္မတ မဖြစ်နိုင်ပါ။ပြည်သူ့ ဆန္ဒသည်
 အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်ပါသည်။

ကြံခိုင်ဖွံ့ ဖြို့ ရေးပါတီလို ပြည်သူကိုအတင်းအကျတ်မဲထည့်ခိုင်းကာ မဲခိုး မဲလိမ်များ ဖြင့် အနိုင်ယူပြီး စစ်တပ်က ဗိုလ်ချုပ်တွေယူနီဖောင်းချွတ်ကာ သမ္မတ တက်လုပ်တာဟာ ပြည်သူ့ ဆန္ဒအစစ်အမှန်မဟုတ်
ပါ ဘူး။ စစ်မှန်တဲ့ဒီမိုကရေစီဆိုရင် လွတ်လပ်စွာ ပြည်သူ့ ကရွေးချယ်တဲ့ သမ္မတဖြစ်ရပါမည်။ လွယ်လွယ်ကူကူနဲ့ တော့ သမ္မတမဖြစ်နိုင်ပါဘူး။ ပြည်သူတွေကို မကြောက်ကြောက်အောင် လမ်းမှား တွေပေးနေပြီး ချိန်းခြောက်နေတာက စစ်အာဏာရှင်တို့ ရဲ့ လုပ်ရပ်ဖြစ်နေပြီး ယနေ့ အချိန်အထိ ကျင့်သုံးနေတာကို တွေ့ မြင်ရပါတယ်။

ယနေ့ ပြည်သူတွေဟာ ဘယ်လောက်ချိန်းခြောက် ချိန်းခြောက် ကြောက်တတ်တဲ့သူမဟုတ်သလို အမှားအမှန်ဝေဖန်နိုင်တဲ့ ခေတ်ကြီးထဲကို ရောက်နေပါပြီ။ သွေးခွဲလိုက် သပ်လျှိုလိုက် ဆိုဒ်ဝေါတွေသုံး
လိုက်နဲ့  ပြည်သူတွေကို လှည့်စားလာတာကြာတော့ တရားခံဟာ စစ်အာဏာရှင်တွေဖြစ်နေတယ် ဆိုတာသိနေကြပါပြီ။ ဘယ်လောက်မင်းသားရောင်ဆောင် ခေါင်းပေါင်းထားပေမဲ့ နဂိုက ဘီးလူး ဆိုတာ လူတိုင်းသိနေကြပါတယ်။

မြသိန်း