Friday, December 27, 2013

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး တောင်းဆိုကြရန် ရက်အနည်းငယ်သာကျန်ရှိသဖြင့် တိုက်တွန်းခြင်း


၂၀၁၃-၁၂-၂၇
၂၀၀၈ ဖွဲ့ စည်းပုံ၏ မတရားတဲ့ အခြေခံဥပဒေတွေကို ပြင်ဆင်ဖို့  လွှတ်တော်သို့ တောင်းဆိုရန် ရက်အနည်းငယ်သာကျန်ရှိသောကြောင့် အမြန်ပေးပို့ ကြရန် တိုက်တွန်းအပ်ပါသည်။

ကြံခိုင်ဖွံ့ ဖြိုးရေးပါတီမှ ဒေါ်အောင်ဆန်းစုကြည်အား ပိတ်ပင်ထားသော ဥပဒေတွေကို မပြင်ဆင်ရန်
စာ ၅၀၀၀၀ ရရှိထားသည်ဟု ဦးအောင်သိန်းလင်းမှ ပြောကြားခဲ့သည်။ဒီမိုကရေစီအင်အားစုများမှ
အင်အားစု၍ သိန်းနဲ့ ချီပေးပို့  ရန်လိုအပ်နေသည်။

၂၀၀၈ အခြေခံဥပဒေအတိုင်းဆိုရင် ဒီမိုကရေစီစံနှုန်း၊ လူ့ အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးနဲ့  အလုပ်သမား၊ လယ်သမား၊ ကျောင်းသားပြည်သူ တွေရဲ့  လွတ်လပ်မှုအခွင့်အရေးတွေကို ပိတ်ပင် ထားသည့်အပြင် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ထူထောင်နိုင်မည်မဟုတ်သောကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရေးအတွက် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးဟာ အဓိက မဖြစ်မနေလိုအပ်နေသည့်အချိန် အစိုးရက ပြင်ဆင်ရေးကို အားမစိုက် ငြင်းဆိုအချိန်ဆွဲနေခြင်းကို
တောင်းဆိုသောအားဖြင့် ပြည်သူ့ ဆန္ဒကိုဖော်ပြကြဖို့  ပြည်သူ့ လွှတ်တော်ကို စာရေးပြီး အမြန်ဆုံးပေးပို့ ကြရန်တိုက်တွန်းအပ်ပါသည်။
မြသိန်း



စာသားမှာ

သို့ 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ဖွဲ့ စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီရုံး
ရုံးအမှတ်(၂၀) လွှတ်တော်ရုံး
မန္တလေးတိုင်း နေပြည်တော်

နေ့ စွဲ။

အကြောင်းအရာ။ ။ ၂၀၀၈ အခြေခံဥပဒေကို အမြန်ဆုံးပြင်ဆင်ပေးရန် တင်ပြခြင်း။


၂၀၀၈ အခြေခံဥပဒေနဲ့  ဒေါ်အောင်ဆန်းစုကြည်အား မတရားတဲ့ ဥပဒေများနှင့်
ပိတ်ပင်ထားခြင်းကို အမြန်ဆုံးပြင်ဆင်ပေးရန်။


အမည်။
လိပ်စာ။
မှတ်ပုံတင်အမှတ်။




လိပ်မူရန်လိပ်စာ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ဖွဲ့ စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီရုံး
ရုံးအမှတ်(၂၀) လွှတ်တော်ရုံး
မန္တလေးတိုင်း နေပြည်တော်