Wednesday, December 18, 2013

အာဆီယံ-ဂျပန် ဆက်ဆံရေး နှစ်(၄၀)ပြည့် ထိပ်သီးဆွေးနွေးပွဲ သမ္မတ ဦးသိန်းစိန်တက်ရောက်ခဲ့ပြီး ရင်းနှီးမြုတ်နှံမှုနှင့် အကူအညီများတောင်းခဲ့သော်လည်း ၂၀၀၈ အခြေခံဥပဒေကို ဂျပန်လုပ်ငန်းရှင်များ စိုးရိမ်

၂၀၁၃-၁၂-၁၈
ဂျပန်နိုင်ငံတွင် ပြုလုပ်သည့်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ပြီးနောက်ဂျပန်-မြန်မာ နှစ်နိုင်ငံစီပွားရေးစာချုပ်အရ ရင်းနှီး မြှုပ်နှံမှုအသစ်တွေ ချမှတ်နိုင်ဖို့အတွက် မြန်မာနိုင်ငံက ဂျပန်နိုင်ငံကို ပေးဆပ်ဖို့ရှိတဲ့ အကြွေးငွေတွေအနက် ဒေါ်လာ သန်းပေါင်း ၅၃၀၀ ကျော်ကို လျှော်ပစ်လိုက်ပြီး ကျန်အကြွေးတွေပေးဆပ်ဖို့ ချေးငွေအသစ်တွေ ပေးသွားမယ်လို့လည်း သိရှိရသည်။

ဦးသိန်းစိန်အစိုးရဟာ သူ့ လက်ထက်မှာ နိုင်ငံတကာကိုထွက်ပြီး မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်း
လဲရေးအတွက် ငွေကြေးအကူညီတွေတောင်းခံခဲ့ပြီး နိုင်ငံတကာမှကူညီငွေမည်မျှရရှိခဲ့ပြီး ပြည်သူတွေ အတွက်မည်မျှသုံးစွဲခဲ့သည်ကို စာရင်းဇယားများဖြင့်ထုတ်ပြန်ကြေညာခြင်းမရှိသည့်အပြင် မည်သည့်နေ
ရာများတွင်အသုံးချခဲ့သည်ကိုလည်း ပြည်သူတွေသိရှိအောင်ဖော်ပြခြင်းမတွေ့ ရပေ၊သူ့ လက်ထက်တွင် နိုင်ငံတကာနှင့်စီးပွားရေးရင်းနှီးမြုတ်နှံမှုများ အများအပြားလက်မှတ်ထိုးခဲ့ပြီး ထိုစာချုပ်စာတန်းများကို မည်သည့်ပုံစံဖြင့် ချုပ်ဆိုခဲ့သည်ကိုလည်း ယနေ့ အချိန်အထိ ပြည်သူတွေကို စာချုပ်များနှင့်ပါတ်သက်ပြီး ပွင့်လင်းမြင်သာစွာ သိပေးခြင်းမရှိသောကြောင့် အန္တရာယ်ကြီးလှပေသည်။


အာဏာရှင်လက်ထက်ကကဲ့သို့  မိမိတို့ အတွက်အကျိုးရှိရေးသာ အသုံးပြုပြီး ပြည်သူ့ အတွက်တော့ ရာခိုင်နှုန်အနည်းငယ်မျှသာအသုံးပြုခဲ့သည်။ယနေ့ အချိန်သည် အာဏာရှင်စနစ်ကကဲ့သို့  အမှောင် ချထားပြီး ဖွင့်လင်းမြင်သာမှုအားနည်းနေရသည်။ တရုတ်ပြဿနာ လက်ပံတောင်းတောင် ပုံစံမျိုး နောက်ပိုင်းတွင်ဖြစ်ပေါ်လာနိုင်သည်။ သမ္မတဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေချိန်တွင်
ဆူဇူကီး ကားပြခန်းနှင့် ကားထုတ်လုပ်မှု စက်ရုံနှင့် တိုယိုတာ ကားထုတ်လုပ်မှု စက်ရုံသို့လည်း သွားရောက်ကြည့်ရှု လေ့လာခဲ့ကြောင်းသိရပြီး မြန်မာနိုင်ငံတွင် စက်မှုဖွင့်ဖြိုးရေးအတွက် ဂျပန်နိုင်ငံကိုအကူအညီ တောင်းခံခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်မှ မြန်မာနိုင်ငံသည် ဖွင့်ဖြိုးတိုးတက်လာမည် နိုင်ငံတနိုင်ငံဖြစ်ပြီး ဒီမိုကရေစီနိုင်ငံထူ
ထောင်ရေးအတွက် အခြေခံဥပဒေပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် နိုင်ငံတကာစံနှုန်းများနှင့်ညီညွတ်
သော ရင်းနှီးမြုတ်နှံမှုဥပဒေကိုအကောင်အထည်ဖော်ရန် ဂျပန်နိုင်ငံ၏ရင်းနှီးမြုတ်နှံမှုများကို အာမခံ
ချက်ရှိစေရန် တိုက်တွန်းခဲ့သည်။ ဂျပန်နိုင်ငံ၏စီးပွားရေးလုပ်ငန်းရှင်များသည် ဂျပန်အစိုးရ၏ ရင်းနှီး
မြုတ်နှံမှုများကို ဝေဖန်နေကြပြီး လုပ်ငန်းရှင်များမှ မြန်မာနိုင်ငံ၏ ခိုင်မာမှုမရှိတဲ့ အခြေခံဥပဒေနှင့် ပါတ်သက်ပြီး စိုးရိမ်မှုများရှိနေကြောင်း သိရှိရသည်။

မြသိန်း