Wednesday, December 18, 2013

မြန်မာပြည်က မြို့ပတ်ရထားကိုပဲ တပတ်လောက်စီးကြည့်ပါဦး၊ကိုယ်ဖင်ချီးစော်နံတာမလုပ်ပဲ သူများရေမွှေးနံထွက်တာကို အရသာခံပြောနေတယ်

၂၀၁၃-၁၂-၁၈
နိုင်ငံတော်သမ္မတကြီးဟာ ဒီဇင်ဘာ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့များမှာ Hamamatsuမြို ၊ နာဂိုယာမြို့၊ ကိုဘေးမြို့နဲ့ ကျိုတိုမြို့များကို သွားရောက်ခဲ့ပြီး ကားထုတ်လုပ်ရေးစက်ရုံများကိုလေ့လာခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ တွေ့ဆုံ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။ အဲဒီခရီးစဉ်များကို ရထားနဲ့သွားခဲ့တာဖြစ်ပါတယ်။ ရထားနဲ့သွားရာမှာလည်း သီးသန့် တွဲမဟုတ်ဘဲ ဂျပန်နိုင်ငံရဲ့ ရထားစနစ်ကို လေ့လာနိုင်အောင်လို့ အခြားခရီးသည်များနဲ့ အတူစီးနင်းသွားလာခဲ့တာဖြစ်ပါတယ်။ သမ္မတကြီးရဲ့ ရှေ့ခုံနဲ့နောက်ခုံမှာသာ လုံခြုံရေးကထိုင်ပြီး ကျန်တဲ့နေရာတွေမှာ မြန်မာ ကိုယ်စားလှယ်အဖွဲ့နဲ့ ဂျပန်ခရီးသည်များရောနှောလိုက်ပါခဲ့ပါတယ်။ သမ္မတကြီးဟာ နေ့လည်စာကို ဂျပန်ထုံးစံအတိုင်း ဘူးလေးနဲ့ နေ့လည်စာကို စားသုံးခဲ့ပါတယ်။ ရထားပေါ်မှာ ရောင်းချတဲ့ကော်ဖီကိုလည်း လေ့လာခဲ့ပါသေး တယ်။ ယခုခရီးစဉ်အတွင်းမှာ ရန်ကုန် - မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးကိစ္စများ ကိုလည်း ဂျပန်နိုင်ငံက အကူအညီပေးဖို့ သဘောတူခဲ့ပါတယ်။
Coko Dmoe