Tuesday, November 26, 2013

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး အများပြည်သူစည်းကားသည့်နေရာများတွင် ပြည်သူ့ ဆန္ဒသဘောထားကောက်ခံ

၂၀၁၃-၁၁-၂၆
၂၀၀၈ဖွဲစည်းပုံ အခြေခံဥပဒေကြီးကို ပြည်သူအများ အမှန်တကယ်ပြင်ဆင်ရန် ဆန္ဒရှိလျှင်ပြင်၍ရနိုင် ပါသည်။ ဥပဒေသဘောတရားဖြင့်ပြင်ဆင်ရခက်အောင်စီစဉ်ရေးသားထားသော်လည်းထိုဆောင်ရွက်
ချက်သည် ပြည်သူ့ဆန္ဒကိုလွှမ်းမိုးနိုင်ခြင်းမရှိပါ။အကြောင်းမှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၄တွင် နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ကြောင်း ရှင်းလင်းစွာပြဋ္ဌာန်းထားရာ အဆိုပါပြဋ္ဌာန်းချက်အရ နိုင်ငံတော်အာဏာ၏ ပင်ရင်းပိုင်ရှင်မှာ    နိုင်ငံသားများဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။နိုင်ငံတော်၏ အာဏာ၏ပင်ရင်းပိုင်ရှင်များဖြစ်ကြသော နိုင်ငံသားများအနေဖြင့်လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်လိုပါက ပြင်ဆင်နိုင်သည့် အခွင့်အာဏာအပြည့်အဝရှိပါသည်။

ထို့အတူ" ပြည်သူ့ဆန္ဒ၊လွှတ်တော်ဆန္ဒ၊ပြည်သူ့အသံ၊လွှတ်တော်အသံ " ဆိုသည့်အတိုင်း ပြည်သူ့ဆန္ဒကို ပြည်သူ့လွှတ်တော် နှင့်အမျိုးသားလွှတ်တော်တို့ကလည်းအလေးထားကြရမည်ဖြစ်
ပါသည်။ပြည်သူ့ဆန္ဒကို ပြည်ထောင်စုလွှတ်တော် နှင့်နိုင်ငံတော်သမ္မတကြီးတို့ကအလေးထားကြလိမ့်
မည်ဟုလည်း ယုံကြည်ပါသည်။


တိုင်းသူပြည်သားတွေအနေနဲ့ အခြေခံဥပဒေနဲ့ သက်ဆိုင်တဲ့ အသိညဏ်ဗဟုသုတ တွေကို တတ်နိင်
သမျှ လေ့လာဆည်းပူးနေဖို့ လိုအပ်ပါတယ်။ ဒါမှသာ မိမိတို့ရဲ့နေ့စဉ်ဘ၀ တွေအပေါ် သက်ရောက်
လာမယ့် အခြေခံဥပဒေပါ ပုဒ်မတွေရဲ့ အကျိုးအပြစ်တွေကို သိရှိ နိင်မှာ ဖြစ်ပါတယ်။အခြေခံဥပဒေမှာ
ပါတဲ့ ဘယ်ပြဋ္ဌာန်းချက်တွေက ကိုယ့်ရဲ့မွေးရာပါ အခွင့်အရေးတွေ ကို ကန့်သတ်နေတယ်၊ ချိုးဖောက်နေ တယ်လို့ ပြည်သူတွေက သိသိသာသာ မဖော်ထုတ် ကြသရွေ့ ဘယ်သူကမှ ပြင်ဆင်ဖို့ အားထုတ်ကြမှာ
 မဟုတ်ပါဘူး။ လက်ရှိ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နဲ့အတည်ပြုတဲ့ဖြစ်စဉ်တွေမှာပြည်သူတွေအနေနဲ့ 
အသိစိတ်ရှိရှိ တက်တက်ကြွကြွ ပါဝင်နိုင်ဖို့ လို အပ်ပါတယ်။

၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အတွက်သာမက အနာဂါတ် မြန်မာနိုင်ငံအတွက် မလုပ်မဖြစ် လုပ်ဆောင်ရမည့် အရေးကြီးသော တာဝန်တရပ်ဖြစ်ရာ NLD မှ ကြီးမှူးကာ မြန်မာနိုင်ငံသားတို့၏ဆန္ဒသဘောထားများကို ကောက်ခံလျှက်ရှိသည်ကို အားလုံး သိရှိပြီး ဖြစ်ပါသည်။သို့ဖြစ်ပါ၍ စင်္ကာပူနိုင်ငံရောက် မြန်မာများမှ
လည်း မိမိတို့ တိုင်းပြည် ပြုပြင်ပြောင်းလဲရေးတွင် အစဉ်အလာ ရှိခဲ့သည်နှင့်အညီ ယခုအရေးတွင်လည်း အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်ရန် ဆန္ဒသဘောထားများကိုလက်မှတ်ရေးထိုး ပြုနိုင်ရေး
အတွက် အောက်ပါအတိုင်း စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ဆန္ဒပြု လက်မှတ်ထိုးနိုင်သည့် နေရာ
**************************
သပြေနု # ၀၂ - ၅၅ (Peninsula Plaza )

ဆန္ဒပြု လက်မှတ်ထိုးနိုင်သည့် အချိန်
**************************
ညနေ ၆ နာရီ - ၈း၃၀ နာရီ ( အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ သောကြာ )
နေ့လယ် ၂ နာရီ - ၈း၃၀ နာရီ ( စနေ ၊ တနင်္ဂနွေ )

ထို့အပြင် အောက်ဖော်ပြပါ နေရာများတွင် အချိန်မရွေး သွားရောက် ဆန္ဒပြုကာ တတပ်တအား ပါဝင်ပံ့ပိုးနိုင်ပါသည်။

၁. ရနံ့သစ် စားသောက်ဆိုင်
၂. သပြေနု
၃.လမ်းပြကြယ်-စာကြည့်တိုက်ဖွင့်ရက် ( ဗုဒ္ဓဟူး၊စနေ၊တနင်္ဂနွေ )

ဆန္ဒသဘောထားပေးမှု များကို စမ်းချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှတဆင့် ပေးပို့သွားမည်ဖြစ်ပါသည်။
Facebook Link https://www.facebook.com/pages/Sanchaung-NLD/628597597154891

စင်ကာပူမှာရှိသော ညီအစ်ကို၊မောင်နှမများအားလုံးကို လည်း ကူညီ ဖိတ်ခေါ်ပေးဖို့ မေတ္တာရပ်ခံပါသည်။
Credit to Kyalcin Lay
‪#‎MMK‬