၂၀၁၃-၁၁-၂၇
ငြိမ်းချမ်းရေးနိုလ်ဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် Australia နိုင် ငံ Sydney မြို့ သို့ရောက်ရှိနေပြီး သြစတြေးလျနိုင်ငံမှာ တပါတ်ကြာနေထိုင်၍ ဒေါ်အောင်ဆန်းစုကြည်ဟာ Sydney မြို့က Sydney Opera House အပါအ၀င် တက္ကသိုလ် သုံးခုမှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။အဲဒီနောက် သြစတြေးလျနိုင်ငံဝန်ကြီးချုပ် တိုနီအက်ဘော့၊ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့တို့နဲ့လည်း တွေ့ ဆုံမှာဖြစ်ပြီး သြစတြေးလျလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ ဆုံမယ်လို့လည်း သိရပါတယ်။ ANU သြစတြေးလျ အမျိုးသားတက္ကသိုလ်နဲ့ Monash တက္ကသိုလ်တို့က တာဝန်ရှိသူတွေနဲ့ ပညာရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ စီစဉ်ထားကာ သူမကိုထောက်ခံအားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ 
မြန်မာ့အရေးဆွေးနွေးမှာဖြစ်ပါတယ်။ လေဆိပ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားကြတဲ့
မြန်မာမိသားစုများမှ လာရောက်ကြိုဆိုကြတာကိုတွေ့ ရပါတယ်။