skip to main |
skip to sidebar
၂၀၁၃-၁၁-၁၀
လျှပ်စစ်မီတာခ
တိုးမြင့်ကောက်ခံတဲ့အတွက် ပြည်သူတွေမှာ စားဝတ်နေရေးအခက်အခဲ ဖြစ်ရတယ်။
အစိုးရက အလုပ် လက်မဲ့ပြသနာကို ပြေလည်အောင်မဖြေရှင်းမပေးဘဲ ရေ၊ မီး
ခတွေတိုးကောက် မှုကြောင့် ပြည်သူတွေဒုက္ခရောက်ရတယ်။ ကုန်ဈေးနှုန်းတွေလည်း ကြီးမြင့်လာနေသောကြောင့်
ဝန်ထမ်းနဲ့  လက်လုပ်လက်စား တွေရဲ့  လစာကိုတိုးပေးဖို့ မလုပ်ဆောင်ပဲ လျှပ်စစ်မီတာခ
နှုန်းထား တိုးမြှင့်ကောက်ခံတာဟာ သဘာဝမကြဘူး။ မီတာခနှုန်းတိုးကောက်တာကိုတော့
ပြည်သူတွေကို ကြိုတင်မပြောဘဲ အစိုးရလုပ်ပုံမဟုတ်လို့ 
ဆန္ဒပြမယ်ဆိုရင်တော့ ကြိုတင်ခွင့်ပြုချက်ယူရမယ် မယူရင်ဖမ်းဆီးအရေးယူတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီလမ်ဒကြောင်းကို သွားမယ်ဆိုရင် ပြည်သူတွေရဲ့  တောင်းဆိုမှုတွေကိုလည်း လက်ခံပြီး ပြန်လည် ညှိနိုင်းဆွေးနွေးဖို့  လိုအပ်ပါတယ်။ပြည်သူတွေကို အသိပေးကြေညာခြင်းမရှိဘဲ တဘက်သတ်လုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့ လိုပြီ အစိုးရက အာဏာရှင်ဆန်ဆန်အုပ်ချုပ်တာမျိုးကို ရှေ့ ဆက်ပြီးပြည်သူတွေဟာ လက်ခံမှာမဟုတ်ဘူး။ဖေါ်ထုတ် တောင်းဆိုဆန့် ကျင်ကြမှဖြစ်တယ် ဒါဟာဒီမိုကရေစီရဲ့  လူတိုင်းရသင့်ရထိုက်တဲ့ အခွင့်အရေးဖြစ်တယ် ဆိုတာ နားလည်ကြဖို့  လိုအပ်ပါတယ်။
လာမယ့်
နိုဝင်ဘာလကနေ စတင်တိုးမြင့်ကောက်ခံ မယ့် လျှပ်စစ်ဓာတ်အားသုံးစွဲခ
နှုန်းထားအသစ်တွေ ကို ပြန်ပြင်ဆင်တွက် ချက်ပြီး အစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဒီနေ့
ကတိပြု ပြောကြားလိုက်ပါတယ်။