၂၀၁၃-၁၁-၂၇
စစ်တပ်အတွင်း ကာချုပ်မင်းအောင်လှိုင် နှင့် ဒေါ်အောင်ဆန်းစုကြည်မကြာမီတွေ့ဆုံဖို့ရှိနေသည်ဟု
သတင်းများထွက်ပေါ်နေပြီး ထိုသတင်းမှာ ကာချုပ်မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှထံမှ စတင်ကြားသိပြန့်နှံ့ခဲ့ခြင်းဖြစ်သည် ဟု သတင်းရရှိပါသည်။ နေပြည်တော် စစ်ရုံးအတွင်းမှ စတင်ပြန့်နှံ့ခဲ့သော သတင်းဖြစ်ပြီး NLD မှ မေတ္တာရပ်ခံစာ မထွက်မီ တစ်ရက်အလိုဖြစ်သော
သောကြာနေ့ ကတည်းက စတင်တီးတိုးပြော ဆိုထွက်ရှိလာခဲ့သော သတင်းဖြစ်သည် ၊ ယခုအခါ ရန်ကုန်တိုင်းစစ်ဌာနချုပ် ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် များရှိ အရာရှိစစ်သည်များ၏ လိုင်းခန်း
များတွင် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ၂၀၁၄ ပြက္ခဒိန်များကို ချိတ်ဆွဲနေကြကြောင်း သိရသည် ၊
အခြား စစ်တိုင်းဌာချုပ်များ တပ်ရင်း တပ်ဖွဲ့များတွင်
လည်း ဒေါ်အောင်ဆန်းစုကြည်ပုံပါ ၂၀၁၄ ပြက္ခဒိန်များ ဝယ်ယူချိတ်ဆွဲနေကြကြောင်းလည်း သိရသည် ၊ နေပြည်တော် လက်ပံခါးလှပွဲ ကိစ္စနှင့် ပတ်သတ်ကာ ဦးသန်းရွှေ မှ ကာချုပ်မင်းအောင်လှိုင်ကို မကြေမနပ်ဖြစ်နေသည်ဟု သတင်းများ ထွက်ပေါ်လာသည့် အချိန်မှ စ၍ တပ်ရင်းတပ်ဖွဲ့များ တိုင်းစစ်ဌာနချုပ်များရှိ အရာရှိ စစ်သည် နေအိမ်များ လိုင်းခန်းများတွင် ဦးသန်းရွှေ ၏ ဓါတ်ပုံများကို ဖြုတ်ချဆုတ်ဖြဲလွှင့်ပစ် မှုများ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့သည် ဟုသိရသည် ၊ လက်ရှိအချိန်တွင်မူ ဦးသန်းရွှေ မှာ အကုသိုလ်များ အကျိုးပေးနေသဖြင့် ကံဇာတာနိမ့်နေသည် ဟုသော သတင်းမှာလည်း အရာရှိစစ်သည်များသာမက မိသားစုဝင်များပါ သိနေသော သတင်းဖြစ်နေသည် ၊ ထိုသတင်းအရ ဦးသန်းရွှေ ဓါတ်ပုံတဆင့် အကုသိုလ်ကူစက်မည်ကို စိုးရိမ်၍ ဖြုတ်ချလွှင့်ပစ်ခြင်းများ ပြုလုပ်ခဲ့ သည်များလည်း ရှိသည်ဟု သတင်းရရှိသည် ၊ စစ်တပ်မှ အငြိမ်းစားယူထားသူ အကြီးတန်းအရာ ရှိဟောင်းတစ်ဦးမှ ယခုလို စစ်တပ် နှင့် ပြည်သူများ ချစ်ကြည်ရင်းနှီးစွာဖြင့် ပျှောင်ရွှင်နေသည်ကို
မနာလို မရှုစိမ့်သူများရှိနေကြောင်းနှင့် သတိထားရမည်ဖြစ်ကြောင်း ၊ ကောလဟာလများ ယုံမှားသံသယများဖန်တီး၍ စစ်တပ်နှင့် ပြည်သူများအကြား အထင်မှားအမြင်မှား ဖြစ်အောင် လုပ်ဆောင်မည့်သူများအမြဲရှိနေသည်ဟု သတိထားရမည်ဖြစ်ကြောင်း သတိပေးစကားပြောကြားထားကြောင်းလည်း သတင်းရရှိပါသည် ၊ (နေပြည်တော်မှ ပေးပို့လာသောသတင်းဖြစ်သည်)