Monday, October 7, 2013

၂၀၁၃ခုနှစ် နိုဘယ်ဆုအမည်စာရင်းများ ထုတ်ပြန်ကြေညာတော့မည်

နိုဘယ်ဆုများကို ၁၉၀၁ခုနှစ်ကတည်းက စတင်ပေးအပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်အတွက်   နိုဘယ်ဆုအမည် စာရင်းများကို အောက်တိုဘာ ၇ ရက်တွင် စတင်ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ နိုဘယ်ဆုများကို အယ်ဖရက်ဒ် နိုဘယ် (၁၈၃၃- ၁၈၉၆) က ၎င်း၏ နောက်ဆုံးသေတမ်းစာနှင့်အတူ စတင် တည်ထောင်ပေးအပ်ခဲ့ပြီး ဆုအမျိုးအစား ငါးမျိုး သတ်မှတ်ပေးခဲ့သည်။ ယင်းဆုငါးမျိုးမှာ ရူပဗေဒ၊ ဓာတုဗေဒ၊ဇီဝကမ္မ သို့မဟုတ် ဆေးပညာ၊စာပေနှင့် ငြိမ်းချမ်းရေး ဆုတို့ ဖြစ်သည်။ ၁၉၆၈ ခုနှစ်တွင် စီးပွားရေးသိပ္ပံဆုကို ထပ်မံ တိုးမြှင့်ပေးအပ်ခဲ့သည်။

ဆုရပုဂ္ဂိုလ်များကို ဆွီဒင်တော်ဝင်အကယ်ဒမီသိပ္ပံ၊ ကာရိုလင်စကာ အင်စတီကျုတွင်ရှိသည့် နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့၊ ဆွီဒင်သိပ္ပံနှင့် နော်ဝေ နိုဘယ်ကော်မတီတို့က ရွေးချယ်ကြမည်ဖြစ်သည်။ နိုဘယ်ဆုအမည်စာရင်း များကို နှစ်စဉ် အောက်တိုဘာလတွင် ထုတ်ပြန်ကြေညာ၍ ဒီဇင်ဘာလတွင် ဆွီဒင်နိုင်ငံနှင့် နော်ဝေနိုင်ငံတို့၌ ပေးအပ်ချီးမြှင့်သည်။ ဆုပေးပွဲအခမ်းအနား များကို အယ်ဖရက်ဒ်နိုဘယ်ကွယ်လွန်ခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပ ပေး အပ်လေ့ရှိသည်။

ယခုနှစ်အတွက် ဆေးပညာဆုအမည်စာရင်းကို အောက်တိုဘာ ၇ ရက်၊ ရူပဗေဒဆုကို အောက်တိုဘာ     ၈ ရက်၊ ဓာတုဗေဒဆုကို အောက်တိုဘာ ၉ ရက်၊ ငြိမ်းချမ်းရေးဆုကို အောက်တိုဘာ ၁၁ ရက်၊ စီးပွားရေးသိပ္ပံဆုကို အောက်တို ဘာ ၁၄ ရက်နှင့် စာပေဆုထုတ်ပြန်ကြေညာမည့်ရက်ကို ထပ်မံကြေညာသွား မည်ဖြစ်သကဲ့သို့ ဆုအမည်စာရင်း ထုတ်ပြန်ကြေညာမှုများကို NobelPrize.org ဝက်ဘ်ဆိုက်တွင်လည်း ဖော်ပြပေးထားမည်ဖြစ်သည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း