Monday, October 7, 2013

မရိုးနိုင်တဲ့ပုံရိပ်များ(ဒေးဒရဲ က စားကျက်မြေအတွက်ဆန္ဒပြပွဲ)



ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် တော်ကနိ-ညောင်လိန်ကုန်းကျေးရွာက ရွာသားတွေဟာ သူတို့ ဒေသအတွက်အရေးကြီးတဲ့ဒီရေတောစားကျက်မြေ ပြန်လည် ပေးအပ်ဖို့ ဒေးဒရဲမြို့ပေါ်မှာ               မနေ့က ဆန္ဒပြရန် ပြင်ဆင်ခဲ့ကြပါတယ်။
ဆန္ဒပြမယ့်ရွာသား ၁၅၀ ကျော်ဟာ ဒေးဒရဲမြို့လယ် ဓမ္မာရုံကြီးအနီးက ထွက်ခွာဖို့ပြင်ဆင် ချိန်မှာပဲ   ဒေးဒရဲ မြို့ နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင့်လူ ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၅၀ ကျော်က ဆန္ဒပြမယ့်သူတွေကို အင်အားသုံးပြီး တားဆီးတာတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဘုရားတန်ဆောင်းဘေးမှာ တန်းစီပြီး ဆိုင်းဘုတ်တွေကိုင် လမ်းလျှောက်ဖို့ပြင်နေတဲ့ လူအုပ်ကြီးရှေ့      မှာ ကြိုး ၃ ချောင်းကို စည်း ၃ တန်သဖွယ် တားထားပြီး အဲဒီ စည်းတွေနောက်မှာ နံပါတ်တုတ်တွေ၊ ဒိုင်းတွေ၊ သေနတ်တွေကိုင်ဆောင်ထားတဲ့ ရဲအင်အား ၃၀ လောက်က အသင့်အနေအထားနဲ့     စောင့်နေပါ တယ်။
ရဲတွေနောက်မှာတော့ အသင့်စက်နှိုးထားတဲ့ ဒေးဒရဲမြို့က မီးသတ်ကားကို ပြင်ဆင်ထားပြီး မီးသတ်ပိုက်ခေါင်း ကိုလည်း ဆန္ဒပြမယ့်သူတွေဘက်ကိုလှည့်ပြီး အသင့်အနေအထားနဲ့ ချိန်ရွယ်ထားပါတယ်။ 


အာဏာရှင်အစိုးရ၏ အကျိုးဆက် ပြသနာတွေကို အကြမ်းဖက်တဲ့နည်းနဲ့  ဖြေရှင်းဖို့ ကြိုးစားတဲ့
အတွက် ပြသနာတွေဟာ နိုင်ငံအနှံပြန့် နှံ၍ လာနေတာကို တွေ့ ရပါတယ်။အစိုးရအနေဖြင့် လက်နက်မပါဘဲ ဆွေးနွေးဖြေရှင်းရန် နည်းလမ်းသစ်များကို ရှာဖွေသင့်ပြီး ပြည်သူတို့ ၏ထံမှ မတရား
သိမ်းဆည်းထားသော လယ်ယာပြေပြသနာများသည် ယနေ့ အချိန်တွင် ဆူပူမှုများကိုဖြစ်စေပြီး
နေရာအနှံတွင် ဖြေရှင်းနေရသည်။ပြည်သူတို့ ၏ အကျိုးစီပွားကို ထောက်ထားညှာတာသောအားဖြင့်
သိမ်းဆည်းထားသော မြေများပြန်ပေးသင့်ပေသည်။