Wednesday, September 4, 2013

အမေရိကန် ရီပါပလီကင် ခေါင်းဆောင်ပိုင်း အိုဘားမားကို ထောက်ခံ

အမေရိကန်သမ္မတရဲ့ ဆီးရီးယားကို အကန့်အသတ်နဲ့ တိုက်ခိုက်ဖို့ ကွန်ကရက်ကိုတင်ပြချက်အပေါ် အရေးကြီးတဲ့ခေါင်းဆောင်ပိုင်းရဲ့ထောက်ခံချက်တွေရရှိနေပါပြီ။

ရီပါပလီကင်ခေါင်းဆောင် ဂျွန်ဘိုနာက အိုဘားမားရဲ့  တင်ပြချက်ကိုထောက်ခံကြောင်းပြော 

ဆိုလိုက်ပြီး အာဆတ်အစိုးရရဲ့ လုပ်ရပ်ကို အမေရိကန်ကသာ ရပ်တန့်နိုင်လိမ့်မယ်လို့ ပြောပါတယ်။
အောက်လွှတ်တော်လူများစု ခေါင်းဆောင် ရီပါပလီကင်အမတ် အဲရစ်ကင်တာကလည်း စစ်ရေးအရတိုက်ခိုက်မှုအပေါ် ထောက်ခံကြောင်းပြောဆိုလိုက်ပါတယ်။ ကွန်ကရက်ကတော့ လာမဲ့သတင်းပတ်မှာ မဲခွဲ ဆုံးဖြတ်ကြမှာပါ။

ပါတီရေးအရ ရီပါပလီကင်က သမ္မတ အိုဘားမားကို မကြိုက်ကြပေမဲ့ ကမ္ဘာ့အမြင်မှာ
အမေရိကန်က အားနည်းတယ်ဆိုတဲ့ အမြင်မျိုးကိုတော့ မခံနိုင်ဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။

သမ္မတအိုဘားမားက အာဆတ်ရဲ့ ဓာတုလက်နက်ကို အခုနဲ့ နောက်နောင်မှာ အသုံးမပြုနိုင်လောက်

တဲ့ အနေအထားကို ရောက်အောင်လုပ်ဖို့ လိုအပ်ပြီး ကွန်ကရက်က သူ့ကို ထောက်ခံလိမ့်မယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။

အိုဘားမားက အမေရိကန်တပ်သားတွေကို စစ်မြေပြင်ကို ပို့ဖို့ အစီအစဉ်မရှိဘူးလို့ ပြောဆိုထားပါ

တယ်။

ဒီအတောအတွင်း ဆီးရီးယားစစ်ဘေး ဒုက္ခသည် အရေအတွက်၂ သန်း ရှိနေပြီလို့ ကုလသမဂ္ဂက အတည်ပြုပြောဆိုလိုက်ပါတယ်။ သမ္မတ အာဆတ် အစိုးရကို တော်လှန်တိုက်ခိုက်ခဲ့ကြတဲ့ ၂၀၁၁ ခုနှစ်ကတည်းက စလို့ ဆီးရီးယားမှာ လူပေါင်း တသိန်းကျော်သေဆုံးခဲ့ရပါတယ်။ 

Zsource; BBC/CNN tv news