ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဖြိုးဇေယျာသော်၏ ပြောကြားချက်
၂၀၁၃-၉-၁၀ ရက်နေ့ မှ ပထမဦးဆုံး သွားမှာက ပိုလန်နိုင်ငံကိုပါ။ ပိုလန်ကို သွားရတဲ့ အဓိကရည်ရွယ်ချက် နှစ်ခုကတော့ Warsaw တက္ကသိုလ်မှာ lecture တခု ပို့ချပို့အတွက်၊ နောက်ပြီးကျတော့ ပိုလန်ပါလီမန်ကို လေ့လာဖို့ပါ။ ပိုလန်နိုင်ငံအပြီး ဆက်သွားမယ့်
ဒုတိယ ဥရောပနိုင်ငံ ခရီးစဉ်ကတော့ ဟန်ဂေရီနိုင်ငံ ဖြစ်ပါတယ်။ ဟန်ဂေရီနိုင်ငံ Budapest တက္ကသိုလ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်ပြီးတော့ ဟန်ဂေရီ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး ဟောပြောပို့ချမှာ ဖြစ်ပါတယ်။ အဲဒီ့နောက်မှာတော့ သူမရဲ့ ဥရောပ ၃ နိုင်ငံခရီးစဉ်ထဲက နောက်ဆုံးခရီးစဉ်အဖြစ် ချက်ပြည် သူ့သမ္မတနိုင်ငံကို Forum 2000 Conference ကို တက်ဖို့အတွက်ဖြစ်ပါတယ်။
