Wednesday, September 4, 2013

ဥပဒေ ပုဒ်မ(၁၈)သည် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့်အတွက် ဖျက်သိမ်းပေး

မြန်မာနိုင်ငံက ​စီတန်းလှည့်လည်ခြင်းဆိုင်ရာ ​ဥပဒေပုဒ်မ ​၁၈ ​ကို ​ပယ်ဖျတ်ပေးဖို့ ​ ​ရန်ကုန်မြို့မှာ ​ငြိမ်းချမ်းစွာ ​ဆန္ဒပြတဲ့ ​ခေါင်းဆောင် ​၇ ​ဦးကို ​အာဏာပိုင်တွေက ​အရေးယူခဲ့ပါတယ်။

၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး(သို့မဟုတ်) ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်
ဥပဒေများနှင့် မဆန့်ကျင်လျှင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ရှိသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ တွင် ဖော်ပြထားသည်။

“ဒီမိုကရေစီနိုင်ငံများတွင် ဆန္ဒပြတောင်းဆိုခွင့်သည် ပြည်သူများ၏ ဆန္ဒကိုဖေါ်ထုတ်ခြင်းဖြစ်၍
စီတန်းလှည့်လည်ခွင့်ကို ပေးထားသည်။ ကြိုတင်၍ မြို့ နယ်ရဲရုံးတွင် တင်ပြတောင်းခံရမည်ဖြစ်
သော်လည်း အရေးပေါ်ကိစ္စများကိုမှု ၃ရက်ကြိုတင်၍ လျှောက်ထားပါက များသောအားဖြင့်
ခွင့်ပြုမိန့် ရရှိသည်။ခွင့်ပြုမိန့် ပါအချက်များကို တာဝန်ခံမှ တာဝန်ယူရသည်။ဥပဒေချိုးဖောက်ရင် အဲဒီဥပဒေနဲ့အရေးယူပါတယ်။

ဆန္ဒထုတ်ဖေါ်ခွင့် ဥပဒေတွင်ပေးထားပြီး ရဲဌာနရုံးများ၏ ဆုံးဖြတ်ချက်ဖြင့် ခွင့်ပြုမိန့် ကို ပိတ်ပင်
တားဆီးခြင်းသည် အကြောင်းပြချက်ခိုင်လုံမှုမရှိ၊ထိုသို့ ပြုလုပ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
ဆန့်ကျင်နေပြီး နိုင်ငံသားတို့ရပိုင်ခွင့်များကို ဖိနှိပ်ထားသဖြင့် ကန့်ကွက်ရခြင်းဖြစ်သည်။
ဥပဒေပညာရှင်များသည် ဒီမိုကရေစီစံနှုန်းစံထားများကို အလေးထားသင့်ပြီး ပြုပြင်ပြောင်လဲရေး
ကာလတွင် ဥပဒေစိုးမိုးရေးက အဓိကပါဝင်နေသောကြောင့် အာဏာရှင်လက်ထက် ပြည်သူများ
ဥပဒေ၏အကာအကွယ်ကိုမရရှိခဲ့ပေ၊၊ ဥပဒေအကျိုးဆောင်များ ပြည်သူ့ များအပေါ်အကာအကွယ်
မပေးနိုင်ခဲ့ပေ၊ အခုလိုအပြောင်းအလဲကာလတွင် တရားရေးမဏ္ဍိုင်ခိုင်မာရေးအတွက် ဥပဒေ
အကျိုးဆောင်အားလုံးတွင်တာဝန်ရှိပြီး စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်တက်လှမ်းနိုင်ရန်
ပြည်သူများဘက်မှ မားမားမတ်မတ်ရပ်တည်ရန် အထူးလိုအပ်နေပြီး ဒီမိုကရေစီဖေါ်ဆောင်ရေးတွင်
ဥပဒေပညာရှင်များ၏ အခန်းကဏ္ဍသည် အရေးပါသည်။

အစိုးရအနေဖြင့်လည်း ဒီမိုကရေစီ နိုင်ငံများနှင့် စံနှုန်းများ၏ လုပ်ထုံးလုပ်နည်းများကို လေ့လာကာ
အလေးထားဆောင်ရွက်သင့်ပြီး တိုင်းပြည်နှင့် ပြည်သူများအတွက် အကျိုးမပြုသည့် အလိုအပ်သည့် အခြေခံဥပဒေများကို ပြန်လည်ပြင်ဆင်ဖို့ လိုကြောင်း အကြံပြုအပ်ပါသည်။ 

မြသိန်း