Tuesday, September 3, 2013

သမိုင်းဝင် ရွှေဝါရောင်တော်လှန်ရေးနေ့  အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပမည်

 ၂၀၁၃-၉-၃
၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုသည် စစ်အစိုးရကြောင့် ပြည်သူများ စားဝတ်နေရေး ကြပ်တည်း လာသောအချိန်တွင် ပခုက္ကူ သံဃာတော်များက မေတ္တာပို့ သပြီး လမ်းလျှောက်ကာ ပြည်သူတွေရဲ့  အခက်အခဲများကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ခဲ့ရာ စစ်အစိုးရက သံဃာနှစ်ပါးကို ဓါတ်တိုင်မှာကြိုးဖြင့်
ချီပြီး ရိုက်နှက်နှိပ်စက်ပြီး ဆန္ဒပြသံကာများကို အဓမ္မ ဖြိုခွင့်းခဲ့သည်။ ရန်ကုန်မြို့  သံဃာတော်များနှင့်   ပြည်သူများအားလည်း စစ်တပ်မှ အကြမ်းဖက်ခဲ့မှုကြောင့် အသက်ပေးခဲ့ကြရသည်။စစ်အစိုးရ၏ အကြမ်းဖက်မှုများက အင်တာနက်စာမျာက်နှာတွင်   ပြန့် နှံသွားပြီး မြန်မာနိုင်ငံအနှံအပြားတွင် သံဃာတော်များနှင့် ပြည်သူများက တောင်းဆိုဆန္ဒပြမှုများပြုလုပ်ခဲ့ကြသည်။

အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့  အကူးအပြောင်း တော်လှန်ရေးကာလများကို
 မေ့ပျောက် ဖျောက်ကွယ်လို့ မရပါဘူး။ သမိုင်ဝင် တော်လှန်ရေးနေ့ များမှာ ကျဆုံးသွားသော 
ရဟန်းရှင် ကျောင်းသား ပြည်သူများကို မေ့ချန်ထား၍ မဖြစ်နိုင်ပေ၊ ဒီမိုကရေစီတော်လှန်ရေးသည် 
မည်မျှ ကြာမြင့်မည်ကို မည်သူမျှမသိနိုင်သောကြောင့် ပွင့်လင်းလာချိန်တွင် နောက်လာနောက်သား
များ အမှတ်ရရှိစေရန် ရည်ရွယ်၍ သမိုင်းဝင်အထိမ်းအမှတ်နေ့ များကို  လက်ဆင့်ကမ်းသောအနေ
ဖြင့် လက်ရှိကြိုးပမ်းနေသူများမှ သမိုင်းသင်ခန်းစာယူနိုင်ဖို့  အနာဂတ်မျိုးဆက်သစ်များအတွက် အမှတ်တရထားရစ်ခဲ့ရလေမည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးသည် လာမည့် ၂၀၁၃- ၉- ၂၆ ရက်နေ့ တွင် ၆ နှစ်ပြည့်မည်ဖြစ်သော
ကြောင့် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့ တွင်  သမိုင်းဝင် ရွှေဝါရောင်တော်လှန်ရေးနေ့  အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပရန် စီစဉ်နေသည်ဟု သိရှိရပါသည်။