Wednesday, March 13, 2013

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ဒေသခံများ ဒီမိုကရေစီနည်းအရ အပြန်အလှန် လေးစားဖို့ လိုအပ်

    ၂၀၁၃-၃-၁၃
“လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်လို့ ၀င်ပြီးတော့ လုပ်တာဟာ ဒီဒေသလေးအတွက် မဟုတ်ဘူး။ တစ်နိုင်ငံလုံးအတွက်၊ နိုင်ငံရဲ့ အနာဂတ်ကိုကြည့်ပြီး၊ ဒီနိုင်ငံရဲ့ အနာဂတ်ကို ဘယ်လိုဖြစ်သင့်ဖြစ်ထိုက်တယ် ဆိုတာကို လေ့လာစုံစမ်းပြီးတော့ လုပ်သွားတာပဲ။ ဒီရည်ရွယ်ချက်နဲ့ပဲ လုပ်တယ်။ ဒီရည်ရွယ်ချက်နဲ့ပဲ ဆက်သွားမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အဆိုပါ လက်ပံတောင်း စီမံကိန်း စုံစမ်းစစ်ဆေးခဲ့ရာ၌ ကော်မရှင် အဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များကို   ကျေပွန်စွာ ဆောင်ရွက်ခဲ့မှုနှင့် အားလုံးက ၀ိုင်းဝန်းကူညီခဲ့သည့် အတွက် မိမိအနေဖြင့် ကျေနပ်ကြောင်း၊ ယင်းကဲ့သို့ ကူညီခဲ့သည့်အတွက် သိသင့်သိထိုက်သော အချက် အလက်များကို အခက်အခဲ သိပ်မရှိဘဲ ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယခုစီမံကိန်းကို ရပ်ဆိုင်းလိုက်ပါက နိုင်ငံနှင့် ဒေသခံများအတွက် အကျိုးမရှိနိုင်သည့်အပြင် နိုင်ငံ    တကာမှ မိမိတို့ နိုင်ငံအပေါ် စီးပွားရေးအရ ယုံကြည်၍ မရသော နိုင်ငံအဖြစ် ထင်မြင်သွားနိုင်ကြောင်း   ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်နဲ့လူမျိုးရဲ့ ရေရှည် အနာဂတ်အကျိုးစီးပွားကိုရှေးရှုပြီး ဒီလက်ပန်းတောင်းတောင်အစီရင်ခံစာကို ထုတ်ပြန်လိုက်တာပါ။
ထုတ်ပြန်ချက်တွင် 
(က) ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နိုင်ငံတကာပြဌာန်းချက်များ။      ဆောင်ရွက်သင့်သည့် နည်းပညာများ အသုံးပြု၍၊ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ - မရှိ။
(ခ)ကြေးနီစီမံကိန်းကြောင့် လူမှု၍ပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုး    သက်ရောက်မှုများ။
(ဂ) ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်။ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များအတွက် အကျိုး ရှိ - မရှိ၊စသည့် ဒီမိုကရေစီကျင့်စဉ်များကို အခြေခံထားသည်ကို တွေ့ ရှိရသည်။
ဒုန်းတော။ ဂုဏ်တောနှင့် ရွာသာကျေးရွာများမှ ကျေးရွာလူထုနှင့်တွေ့ ဆုံပြီး အပြန်အလှန်    တင်ပြဆွေးနွေးခြင်းတို့ ကို ပြုလုပ်ဆွေးနွေးကြရာတွင် လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်း စီမံကိန်းကို ဆက်လက်လုပ်ဆောင်ခဲ့ပါက- တောင်းဆိုချက်များ၊၊အခြားတစ်ဖက်တွင် အကယ်၍ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းကို ရပ်ဆိုင်းမည်ဆိုပါက- တောင်းဆိုချက်များကို   ဖော်ပြထားသည်ကိုတွေ့ ရှိရသည်။
လက်ပံတောင်းတောင် ကြေညာချက်တွင် ဒေသခံများ၏ ခံစားချက်၊ဦးပိုင် ကုမ္ပဏီ၏ ဆွေးနွေးချက်  ၀မ်ဘောင်ကုမ္ပဏီ၏ ဆွေးနွေးချက်များ
သတ္တုတွင်းဝန်ကြီးဋ္ဌာန
၏ ပြောဆိုချက်များကို အခြေခံ စဉ်းစားပြီး နိုင်ငံတော် အကျိုးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ဘာသာရပ်နှင့် ဥပဒေပညာရှင်များ၊စီးပွားရေးပညာရှင်များ၊ပြည်သူလူထုအတွက်အကျိုးကျေးဇူး၊အနာဂတ်မျိုးဆက်များ အတွက် အကျိုးကျေးဇူး၊လေ့လာတွေ့ ရှိမှုအပေါ် အားနည်းချက်၊အားသာချက်များကို ပြန်လည်ပြုပြင်ရန်၊   ကြေးနီစီမံကိန်းကို ရပ်ဆိုင်းစေမည့်နည်းလမ်း၊ဆက်လက်လုပ်ကိုင်စေမည့်နည်းလမ်း၊မြေယာ သိမ်းဆည်းမှုအပေါ် ဒေသခံပြည်သူများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးမှုများ၊ဥပဒေစိုးမိုးရေး  ဆိုင်ရာအကြံပြုချက်များ၊စီမံကိန်းနှင့် ဆက်စပ်၍ စီစစ်ရန်လိုသည်ဟု ကော်မရှင်ကယူဆသော
အကြောင်းအရာများ၊မီးခိုးဗုံးနှင့်ပတ်သက်၍ ကော်မရှင်မှ စုံစမ်းစစ်ဆေးတွေ့ ရှိချက်များ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့်ပတ်သက်၍   ပြုပြင်သင့်သောကိစ္စရပ်များ၊ဥပဒေစိုးမိုးရေး ကိစ္စရပ်များ၊ ဒေသခံ မြေသိမ်းခံရသူများအတွက်နှင့်   မြန်မာနိုင်ငံရဲ့ နောင်မျိုးဆက်တွေအတွက် အကျိုးရှိမဲ့ အကြံပြုချက်တွေကို ဒေါ်အောင်ဆန်းစုကြည်မှ အမြော်အမြင်ကြီးစွာ လေးလေးနက်နက်ဖြင့် ဒေသခံများစုနှင့်နိုင်ငံတော်အတွက် အကြံပြုထားသည်ကို  စုံစမ်းစစ်ဆေးရေးကော်မရှင် သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်ကို တွေ့ ရှိရသည်။
ထို စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ထုတ်ပြန်ချက်သည် တတ်နိုင်သမျှ ပြည့်စုံအောင် အသေးစိတ်
ထုတ်ပြန်ထားသည်ကို သေသေချာချာလေ့လာလျှင် သိရှိနိုင်သော်လည်း အားနည်းချက် အားသာချက်   များ ရှိနိုင်သည်မှာ ဧကန်မလွဲပေ၊၊ ဒေသခံပြည်သူများအနေဖြင့် ထုတ်ပြန်ချက်အပေါ် သေချာလေ့လာ
ကာ ဥပဒေကြောင်းအရ မိမိတို့ ရပိုင်ခွင့်များ တောင်းဆိုနိုင်သည့် အခြေအနေများရှိပါသေးသည်။
ဒီမိုကရေစီဆိုသည်မှာ တရားမျှတမှုနှင့် လူ့ အခွင့်အရေးများအပြည့်အ၀ရှိပြီး၊လိုအပ်ချက်များကို 
တောင်းဆိုမှုများဖြင့် ဆွေးနွေးအဖြေရှာသော နည်းလမ်းများကို အသုံးပြုနိုင်သည်။ထို ထုတ်ပြန်ချက်သည်
ပြင်ဆင်နိုင်သောအခြေအနေတွင် တည်ရှိနေရမည်ဖြစ်ပြီး ဒေသခံများအနေဖြင့် စနစ်တကျ၊နည်လမ်းမှန်
ကန်စွာဖြင့်  စုံစမ်းစစ်ဆေးရေးကော်မရှင်အား ထပ်မံတောင်းဆိုနိုင်ပြီး အပြန်အလှန်လေးစားသော
အားဖြင့် ညှိနိုင်းဆောင်ရွက်မှုများပြုလုပ်သင့်သည် နှစ်ဦးနှစ်ဘက် အပေးအယူရှိရမည်ဖြစ်ပြီး   ရေရှည်အလားအလာများကို စဉ်စားသင့်သည်ဟု အကြံပြုအပ်ပါသည်။ 

မြသိန်း