Thursday, March 14, 2013

ဒီမိုကရေစီမိခင်ကြီး ပြည်သူတွေအပေါ်ထားတဲ့ မေတ္တာ နားလည်စေချင်သည်

၂၀၁၃-၃-၁၄
လက်ပန်းတောင်းစုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မုံရွာခရိုင်၊ဆားလင်း
ကြီးမြို့နယ် ခရီးစဉ်တွင် ကော်မရှင်၏ ဆုံးဖြတ်ချက်ကို အပြင်းထန်ဆုံးကန့်ကွက်ခဲ့သည့် တုံရွာမှ
ဒေသခံတွေကို မေတ္တာအပြုံးဖြင့် မိမိက တိုင်းပြည်နဲ့ ပြည်သူတွေအပေါ်မှာ ထာခဲ့တဲ့ ဖြူစင်တဲ့စေသနာ
မေတ္တာတွေကို နားလည်မှုလွဲခဲ့တဲ့အပေါ် အံ့သြလောက်အောင် ဖြစ်ခဲ့ရတဲ့ ဒီမိုကရေစီမိခင်ကြီး
   ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ အပေါ်မှာ ဘယ်လိုဘဲမြင်မြင် စေသနာမပျက် ပြည်သူတွေကို 
အပြုံးနဲ့ ဆက်ပြီး သွန်သင်ဆုံးမလေ့ရှိပါတယ်။ မိသားစုနဲ့ မိမိရဲ့ ဆုံးရုံးမှုတွေအပေါ် မျက်ရည်မကျခဲ့ရဘဲ
တိုင်းပြည်နဲ့ နိုင်ငံသားတွေအတွက်တော့ ရင်လေးကာ မျက်ရည်ဝိုင်းခဲ့ရလေသည်။
တဦးတယောက်အကျိုးအတွက်မဟုတ်ဘဲ အများအကျိုးအတွက် နိုင်ငံအကျိုးအတွက် ကိုယ်ကျိုးကို
စွန်လွှတ်ပြီး ဆောင်ရွက်ရမယ်၊ ယုံကြည်ချက်တွေကို ခိုင်ခိုင်မာမာ ကိုင်စွဲထားရမယ်လို့  အမျိုးသားဒီမို
ကရေစီအဖွဲ့ ချုပ်ရဲ့  ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

 လက်ပန်းတောင်းစုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ၀င်ရောက်ပါဝင်ရခြင်းမှာလည်း တိုင်းပြည်နဲ့ လူမျိုးတွေ
အတွက်ဖြစ်ပြီး အစိုးရနဲ့ ပြည်သူ လုပ်ငန်းရှင်တွေအကြား နားလည်မှုလွဲနေတာတွေကို မိမိအနေနဲ့  ၀င်ရောက်ဖြေရှင်းပေးခြင်တဲ့ဆန္ဒနဲ့  ကြီးတာကိုငယ်စေ၊ငယ်တာကိုပပျောက်စေခြင်တဲ့ သဘောနဲ့  တဦး
ပေါ်တဦး အယုံအကြည်မဲ့ပြီး သံတရာကိုရှည်စေမဲ့ကိစ္စတွေကို အားလုံးမနစ်နာစေရအောင် ၀င်ရောက်
စေသနာအရင်းခံနဲ့ ခေါင်းခံ ဖြေရှင်းပေးခဲ့ရသည်။မကျေနပ်သူဒေသခံများအကြား အန္တရယ်ကိုမတွက်
ဒေသခံများအကြား တိုးဝင်၍ နားလည်မှုမလွဲရလေအောင် သွားရောက်ဖြေရှင်းပြောကြားခဲ့သည်။

တိုင်းပြည်သည် နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်လာခဲ့ရာမှ ဒေါ်အောင်ဆန်းစုကြည်
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး အစိုးရဖြင့် တွေ့ ဆုံဆွေးနွေးမှုများပေါ်ထွက်လာကာ ဒီမိုက
ရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့လေသည်၊ အာဏာရှင်လက်အောက်မှာ
 ပြားပြားဝတ် နေခဲ့ရပြီး ယ္ခုလိုတောင်းဆိုမှုတွေ ပြုလုပ်ဖို့ ဝေးလေစွ၊အခုအခါ ဒီမိုကရေစီနည်းအရ
 တောင်းဆိုမှုတွေရရှိနေပြီး မတရားမှုတွေကို ဖော်ထုတ်နိုင်သည့် အခြေအနေတွင်ရှိနေလေပြီ၊
သို့ သော်လည်း ဥပဒေစိုးမိုးမှုအပေါ်အခြေခံ၍ မိမိတို့ ၏ ဆန္ဒများကို ဖော်ထုတ်တောင်းဆိုရန်လိုအပ်
ပေသည်။အရာရာတိုင်းသည် မိမိတို့ ၏ ဆန္ဒက အမှန်ဟုမဆိုနိုင်ပေ တိုင်းတာရမည်မှာ ဥပဒေပင်ဖြစ်
သည်။နှစ်ဦးနှစ်ဘက် အသင့်မြတ်မှု မကျေနပ်မှုများကို ဥပဒေအအရ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ဥပဒေ
သည်လည်း တရားမျှတမှုရှိရမည် ဘက်လိုက်မှုမရှိစေရ၊ ထို့ ကြောင့် လက်ပန်းတောင်းစုံစမ်းစစ်ဆေးရေးကော်မရှင်၏ ထုတ်ပြန်ချက်သည် လိုအပ်ချက်များရှိပါက ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုရမည်
မှာ ဒေသခံများ၏ တာဝန်ဖြစ်သော်လည်း အကြမ်းဖက်မှုများ မဖြစ်စေရ၊ဥပဒေအရဆောင်ရွက်ရမည်။

လက်ပန်းတောင်းတောင် စီမံကိန်းသည် အာဏာရှင်လက်ထက်တွင် သန္ဓေတည်ခဲ့ပြီး ပွင့်လင်းလာသည့်   ပြုပြင်ပြောင်းလဲမှုများကို အသုံးချကာ မိမိအကျိုးတခုတည်းပေါ်တွင် မကြည့်စေဘဲ အဘက်ဘက်မှ
လေ့လာသုံးသပ်ဖို့  ပညာရှင်များပါဝင်ဖို့ လိုအပ်သည် ဥပမာ မဏ္ဍိုင်ဥပဒေအကယ်ဒမီ စေတနာ့ဝန်ထမ်း ဥပဒေအကျိုးဆောင်ရှေ့နေများအနေဖြင့် ပြည်သူများ၏ အခက်အခဲကို ဥပဒေကြောင်းအရ ပြည်သူ့ 
ဘက်မှ လိုက်ပါဆောင်ရွက်ပေးသင့်ပြီး ပြည်သူတွေနားမလည်တဲ့ ဥပဒေပညာရပ်ဘက်က တိုက်တိုက်
တွန်းတွန်းဘေးဘေးမမ ဆောင်ရွက်ပေးသင့်သည်။ နိုင်ငံအရေး၊ပြည်သူ့ အရေးသည် နိုင်ငံသာတိုင်းတွင်
တာဝန်ရှိသည်။


လက်ပန်းတောင်းတောင်အရေးသည် တိုင်းပြည်၏အခက်အခက်များကို ကျော်ဖြတ်နေသောအချိန်ဖြစ်
၍ ဤသို့ သော ပြသနာကိစ္စရပ်များ အများအပြားပေါ်ထွက်လာနိုင်သေးသည်။ယ္ခုဖြေရှင်းနည်းသည်
အကောင်းဆုံးနှင့် အမှန်ကန်ဆုံးဖြစ်စေရန်၊ဥပဒေစိုးမိုးမှုအပေါ်အခြေခံ၍ တရားမျှတမှုရှိစေရန်၊တိုင်းပြည်
နှင့်ပြည်သူများ ဒေသခံများနှစ်နာမှု နည်းနိုင်သလောက်နည်းပါစေပြီး နှစ်ဦးနှစ်ဘက် နားလည်မှုရရှိစေ
ရန်၊ပညာရှင်များမှ မိမိတို့ ၏ အတတ်ပညာများဖြင့် ၀ိုင်းဝန်းထိမ်းသိမ်းသင့်သည်။အနာဂတ်မြန်မာနိုင်ငံ
အတွက် ဂုဏ်သိက္ခာရှိသော ဖြေရှင်းမှုများဖြင့် တိုင်းပြည်နှင့်ပြည်သူများမနှစ်နာလေရအောင် အကောင်း
ဆုံးနည်းလမ်းကို ရွေးချယ်၍ တွေ့ ဆုံဆွေးနွေးဖြေရှင်းမှုများကို လေးလေးနက်နက်ထားဆောင်ရွက်သင့်
ပေသည်။

မြသိန်း